Part 43
Unicode...
လန့်သွားသော ကောင်လေးတစ်ယောက်က သူ့ရင်ထဲ ထိပ်လန့်မှုပေါင်းများစွာဖြင့် ရိုက်လိုက်မိသည့်လက်အား နာကျည်းစွာဖြင့်ကြည့်လိုက်မိ၏..။
ဒါ သူ့ကိုရိုက်မိတဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်သာ ဖြစ်ရပါစေ....
မျက်နှာညှိုးငယ်စွာဖြင့် ကြမ်းပြင်ပေါ်လဲကျလို့ နစ်နာသူယောင်ဆောင်နေသည့် မြေခွေးမကိုတစ်လှည့် သူမကိုထူပေးနေသည့် ဟံသာဦးကိုတလှည့်ကြည့်ခါ နှလုံးသားမှာ နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုကို ချသည်။
ငါ သူ့ကို စွန့်ပစ်လိုက်ဖို့ အချိန်တန်နေပြီ!
နွေဦး သူတို့ပုံစံကို ထပ်မတွေ့ချင်တော့လို့ ရုံးခန်းထဲမှထွက်လာခဲ့သည်မှာ ဘယ်ရောက်လို့ရောက်ခဲ့မှန်းမသိ...ကားတစ်စီးဖြင့် စိတ်ပြေသည်အထိ မြို့ထဲသို့သာပတ်မောင်းရန်ရွယ်လိုက်၏။
သို့သော်လည်း ဒေါသကမပြေသည့်အပြင် ထိုလူနှစ်ယောက်ရဲ့မျက်နှာကိုသာ မြင်ယောင်နေမိသည်။ နွေဦးကားကို ဘယ်လောက်ထိ အရှိန်တင်လိုက်လဲမသိ ကားဟာ ရှေ့ကကားဖင်ကို ရုတ်တရက်ဝင်ဆောင့်သွားတော့သည်။
ကျွီ!
ဒုန်း!ချက်ချင်း ရှူးရှူးရှဲရှဲဖြစ်သွားသောကားနှစ်စီးမှာ လမ်းလယ်ခေါင်တွင် ရပ်တန့်သွားရင်း မီးခိုးငွေ့တို့တထောင်းထောင်းထလျှက်ရှိလေသည်...။
စောနက ဒေါသထွက်နေသည့်စိတ်တွေလည်း ဘယ်ရောက်လို့ရောက်မှန်းမသိ..။ အကုန် ကြက်ပြောက် ငှက်ပြောက်... နွေဦးကားပေါ်မှချက်ချင်းဆင်းခါ သူတိုက်မိသွားသည့် ကားပေါ်ကလူအား အခြေအနေဆင်းကြည့်သည်။
ထိုကာပေါ်မှဆင်းလာသည့်လူကလည်း လည်ပင်းအားလကိုဖင့်ဖိကိုင်လို့...
"ဟေ့ကောင် ဘယ်လိုလုပ်လိုက်တာလဲ..."
ထွားထွားကျိုင်းကျိုင်းနှင့်လူကြီးက ကြောက်စရာရုပ်အသွင်အပြင်ရှိပြီး နိုင်ငံခြားစမတ်ဒေါင်းသတ်ကွင်းထဲက နားပန်းသမားကြီးနှင့်လွန်စွာတူသည်။
ကိုယ်ကသာ သူနှင့်ယှဉ်လျှင် သူ့ရင်ညွှန်သာသာရှိ၏။ ပြောင်သလင်းခါနေသော ခေါင်းကလည်း ဆံပင်မပါ..ဒါ့အပြင် တီရှပ်လက်တိုအောက်ကပေါ်နေသော ကြောက်စရာတက်တူးပုံတွေ....