Part 33
Unicode...
"အဲ့နောက်ပိုင်းမှာ ဟံသာဦးက အိမ်စေအချို့နဲ့ သူတို့ပေးတဲ့ အိမ်ရာမှာ နေခဲ့ရတယ်.. သူတို့ကလည်း ဟံသာဦးကို ဘယ်တော့မှလာမတွေ့တော့သလို ဘာသတင်းမှလည်း မကြားခဲ့ရဘူး..."
"အင်း..အဲ့နောက် ဘာဆက်ဖြစ်လဲ.."
ရတုက နွေဦးအမေးအား ပြန်မဖြေသေးဘဲ apple juice တစ်ခွက်ကို မော့သောက်ရင်း အမောဖြေသည်..။ နွေဦးကလည်း ကုတင်ပေါ်မှာ တင်ပျဉ်ချိတ်ခါ ပေါင်ကြားထဲ လက်ထောက်ထိုင်ရင်း စိတ်ရှည်စွာ စောင့်ရှာသည်...။ ရတုက ကုန်စင်သွားသော ခွက်ထဲမှ ပန်းသီးဆိတ်ကလေအား လက်ဖြင့်နှိုက်ထုပ်ရင်း ပါးစပ်ထဲထည့်ဝါးလိုက်ပြီး အရသာခံရင်း စကားပြန်ဆက်၏..။
"ဟံသာဦး အရွယ်ရောက်လာတော့ သူမှာတွဲခဲ့တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်.. တော်တော်လေး ချစ်ကြတယ်နဲ့တူတယ်.. အဲ့ကောင်မလေးကြောင့် ဟံသာဦး ရန်ဖြစ်ပြီး ကြောင်း ၄နှစ်အနားခံလိုက်ရတယ်လေ.."
ထိုစကားကြောင့် နွေဦးစိတ်ထဲ အသက်ရှူကျပ်လာမိတာအမှန်ပင်... ဘာရယ်တော့မဟုတ်ပေမဲ့ အနည်းငယ် တွေဝေသွားတာမျိုး!
ရတုက စကားကိုသာ ဆက်ပြောလျှက်ရှိသည်။
" ကျစ် အဲ့နောက်ပိုင်း သူ့ကောင်မလေး ကား accident ဖြစ်ပြီး ပွဲချင်းပြီးတဲ့.. "
နွေဦးမျက်လုံးတွေ အလိုလိုပြူးကျယ်လာမိသည်..။ တအ့ံတဩလည်း ဖြစ်မိသည်..။ ကိစ္စကတော့ သူမအတွက်ဝမ်းနည်းပေးယုံမျှသာ ဖြစ်လိမ့်မည်။
"ငါလည်း အဲ့လောက်ဘဲသိခဲ့တယ်ကွ.. သူ့မိသားစုအရေးက နဂိုထဲက ခပ်ရှုတ်ရှုတ်ရယ်.. ငါတို့မသိတာတွေလည်း အများကြီးရှိအုံးမှာသေချာတယ်.. ဒါနဲ့ ငါအခု့ပုံစံက ရှေ့နေတယောက် တရားခုံထိုင်ပြီးဆွေးနွေးနေတဲ့ပုံနဲ့ တူတယ်မှလား ဟားဟား..."
နွေဦးက နှာခေါင်းကလေးရှုံ့ခါ ပြုံးရင်း" အလကား အရူး..ဘာမှမတူဘူး.."ဟုသာ ပြန်ချေပလိုက်မိသည်..။
"ဪ ဒါနဲ့ ဟို ဒန့်ဒလွန်သီး လူရမ်းကားကိုလည်း မတွေ့မိပါလား.."
နွေဦးက အူကြောင်ကြောင်နဲ့ကြည့်သည်။ သူပြောတဲ့ ဒန့်ဒလွန်သီး လူရမ်းကားဆိုတာ ဘာကိုပြောတာပါလိမ့်!