ကျွန်တော်ရုန်းကန်နေသော်လည်း ကယ်မည့်သူမည်သူမှမရှိပေ...။ကျွန်တော့်ဘဝကို ကယ်တင်မည့်သူ မရှိလို့ ကယ်ပါဟူ၍ တောင် ကျွန်တော်မပြောတက်တော့ပါချေ.....။
..........
လေပြေတွေက ကျောင်းဝန်းကြီးအား လှည့်လည် တိုက်ခက်နေတာများ အလံတိုင်က အလံရွက်တွေသည် လေထဲတစ်လွင့်လွင့်စိုက်ထူနေကြသည်...။
ပြူတင်းပေါက်မှ မြင်နေရသည်မို့ နွေဦး သက်ပြင်းချခါ လက်ထဲက ဘောပင်အား လှည့်နေလိုက်သည်...။
ဒီလို ရက်မျိုးတွေဆို ကျွန်တော် သိပ်ကို စိတ်ချမ်းသာရသည်။
အကြောင်းအရင်းကား ဟံသာဦး ယနေ့ ကျောင်းမလာပေ...။
သို့သော်လည်း ဘာအကြောင်းပြချက်မှမရှိ လွမ်းသော်ငြားတော့ ရှိလေသည်...။ဟံသာဦး သိမလား မပြောတက်ပေမဲ့ အရင်က ကျွန်တော်တို့ တွေ့ဆုံခဲ့ဘူးသည်...။ရေကျော်ညပွဲဈေးကြီးသည် ထိုနေ့ညက လျှောက်လမ်းကြီးအပြည့် စီကားလှသည်...။
မေမေပေးတဲ့ ပိုက်ဆံ ၅သောင်းအား Wallet ထဲထည့်ခါ တစ်ယောက်ထဲ ဟိုကြည့် ဒီကြည့်ထွက်လာမိခဲ့သည်။
မစ်ရှိုတ်တစ်ခွက်အား မတန်မဆ ၂၀၀၀ ပေးပြီးဝယ်သောက်ခဲ့ရသော်လည်း အရသာကမရှိ...။လွင့်ပစ်ရန် နေရာရှာတော့ နေရာမလပ်သည့် ဈေးဆိုင်တွေကြောင့် အမှိုက်ပုံးအား ရှာ၍မတွေ့ပေ...။
ရှေ့ဆက်လျှောက်တော့ အော်ဟစ်ဆူညံနေကြသော အဝိုင်းကြီး လည်နေသည့် ခြားရဟပ်အား နွေဦး စိတ်ဝင်စားစွာကြည့်နေတုန်း...-ဒုတ်-
နွေဦးအား တမင်ဝင်တိုက်သွားသောယောက်ျားတစ်ယောက်ကြောင့် နွေဦး မျက်မှောင်ကြုတ်ခါ စိတ်တွင်တော့မကြည်မသာဖြစ်သွားသည်....။
"ကဲ..ကဲ...နောက်ထပ်စီးမဲ့လူတွေ...လက်မှတ်ဖြတ်ကြ.."
တာဝန်ရှိသူလူကြီးတစ်ယောက်ကအော်ပြောတော့ နွေဦး ဘောင်းဘီအိပ်ကပ်ထဲမှ ပိုက်ဆံအိတ်ကိုစမ်းသည်...
သေချာပေါက် ပိုက်ဆံအိတ်မရှိတော့ပေ...။"ဟင်...ဟိုလူ...ပိုက်ဆံအိတ်ခိုးသွားပြီ..."
ကြောင်တောင်တောင်နဲ့ လိုက်ဖို့မစဉ်းစားဘဲ ကလေးတစ်ယောက်လို မျက်ရည်ဝဲလာသည်မို့....