Part 37
Unicode...
"နွေဦး...."
အိမ်ထဲသို့ဖြတ်လျောက်လာသော နွေဦးအား ဧည့်ခန်းထဲအသင့်စောင့်ကြိုနေသော ဟံသာဦးက လှမ်း၍ ခေါ်လိုက်လျှင် နွေဦး ခြေလှမ်းတို့မှာ တုန့်ခနဲ ရပ်တန့်သွားလေသည်။
"ဟင်.." ဆိုသည့် ခပ်အေးအေး အဖြေတစ်ခုအား နွေဦး ပြန်ဖြေပေးလိုက်လေသည်..။
သူနဲ့ကိုယ့်ရဲ့ဆက်ဆံရေး အနေချောင်သွားတာ မကြာသေးဘူးလေ အခုတော့ ပြေလည်ခါစ ဆက်ဆံရေးလေးတစ်ခုမှာ နှစ်ယောက်စလုံး နောက်ထပ် ထပ်တူကျတဲ့ အမှားမျိုးမလုပ်မိအောင် ပိုပြီးသတိထားသင့်ပါရဲ့
"အင်း..ပြောစရာရှိလို့လား..."
ဟံသာဦး ဘက်မှ တိတ်ဆိတ်ငြိမ်သက်နေလို့ နွေဦး အနည်းငယ် မျက်ခုံးလှုပ်မိသည်။
"ရော့...." ဟူသည့် ဆွဲဆွဲငင်ငင် နှင့် ပြောရင်း စားပွဲပေါ်တင်ပေးလိုက်သည့် စာရွက် ဝါကျင့်ကျင့်တစ်ချို့....
ဘာစာရွက်မှန်း နွေဦးမသိပေမဲ့လည်း စိတ်ထဲ ဂဲဆွဲထားသလို ထိုစာရွက်အားကြည့်ရင်း မျက်ရည်ပင်ဝဲလာသလိုလို...
နွေဦးရဲ့ လေးကန်နေသော လက်တို့က ထိုစာရွက်လေးအား လေးကန်စွာ တဖြေးဖြေးယူကြည့်မိလျှင်....
"အင်း..အိမ်ထောင်စုဇယားထဲက ထွက်ဖို့ မင်းလက်မှတ်အချို့လိုတယ်.. အခုက ငါတို့ ဘာမှမသက်ဆိုင်တော့ဘူး.. ငါတို့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတာပေါ့.. ပြီးတော့ တောင်းပန်ပါတယ်...."
နွေဦး စာရွက်ကလေးအား ငေးကြည့်နေတုန်းမှာပင် ဟံသာဦးရဲ့ တောင်းပန်စကားအား ပျက်ပျက်သားသား ကြားလိုက်ရ၏...။
"ဟင်...."
မျက်နှာကလေး မော့ချီလို့ ဟံသာဦးအား ကြည့်မိလျှင်....."ကုမ္ပဏီကိစ္စကိုတော့ ချက်ချင်းလွှဲလို့မဖြစ်သေးဘူး မင်းအနေနဲ့ လေ့လာစရာတွေ အများကြီးရှိအုံးမှာ သေချာတယ်.. အဲ့တော့ နောက်ကျရင် ငါနဲ့အတူ ကုမ္ပဏီတက်ဖို့လိုလိမ့်မယ်... ကျောင်းစာအတွက်ကိုတော့ မပူနဲ့ မင်းအတွက် အနီးကပ် guid ထားပေးထားတယ်..အရင်လို ကျောင်းပြန်တက်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ေ........."