ep.18

19K 827 23
                                    

Part 18
Unicode...

"နွေဦးလား.."

"အင်း......."ဟုဆိုခါ ကြမ်းပြင်ပေါ်က ဟံသာဦးဆီ ငုံ့ခါကြည့်နေမိတော့သည်။

"အွင်း ကလေးလေး.. ကိုကို့ ကလေးလေး..."

မူးနေသော ဟံသာဦးတစ်ယောက် ကြမ်းပြင်ပေါ် တွင် ကြောင်ပေါက်ကလေးတစ်ကောင်ကဲ့သို့ထိုင်ရင်း ကိုယ့်ခြေထောက်အား ဖတ်ခါ ချွဲနေလေရဲ့

နွေဦးခင်ဗျာ ငိုရမလိုလို ရယ်မလိုလို.. ဟံသာဦးပုံကိုသာ ကြည့်၍ ခေါင်းတွင်တွင်ခါယမ်းရင်း သူပါ ဟံသာဦးဘေး၌ ရောထိုင်လိုက်တော့သည်။

"ဟံသာဦး.. ဘယ်သူက ဘယ်သူ့ကလေးလေးလဲ.. ပေါက်ကရတွေမပြောစမ်းနဲ့ ကြက်သီးထတယ်.."

"ဟွန့်..."

နွေဦး အော်ငေါက်လိုက်လို့ထင်ပါရဲ့ ထော်သွားရတဲ့ နှုတ်ခမ်းလေးက မျက်ရည်အဝိုင်းသားနှင့် မျက်ဝန်းအိမ်တွင် ယှဉ်တွဲလို့... နွေဦး မျက်နှာကြီးရှုံ့မဲ့စွာ အားရပါးရ ရယမချပစ်လိုက်မိသည်။...။

"ဟားဟားဟား... ဒါနဲ့ မူးနေတုန်း သု့ကိုတစ်ခါလောက် B ထိုင်ခိုင်းလိုက်ရမလား ဒါမှ ဒီကောင်ခံစားဖူးမှာ..."

"အမ်.. ကလေးလေး... ဟဟ.. ကိုကို့ရဲ့နန်းသျှစ်ဝေလွန်းလေး... လွန်းလွန်း.. ကိုကိုက သတိရနေတာ ကြောင်ပေါက်လေးရဲ့.. ကိုကို့ကိုရော သတိရလားဟင်..."

ရူးကြောင်ကြောင် အရက်သမားရဲ့ စကားတွေက တစ်ဖတ်ဘောင်သို့ရိုက်ခက်နေလေပြီမို့ နွေဦး မျက်ခုံးကြုတ်ရင်း နားမလည်ဟန်ဖြင့်သာ ဟံသာဦးအား ကြည့်မိသည်..။

နန်းသျှစ်ဝေလွန်းတဲ့ ဘယ်သူလဲ သူမက ဟံသာဦးနဲ့ ဘယ်လိုပတ်သတ်သလဲ... ဒီလောက်ရူးရူးမူးမူးတမ်းတစွာ ခေါ်နေတဲ့ နန်းသျှစ်ဝေလွန်းက ဟံသာဦးနဲ့ ဘယ်ကဏ္ဌကနေပါဝင်ပတ်သတ်နေမလဲဆိုတာ နွေဦး စဉ်းစားမိပါသည်..။

"ဟံသာဦး... ငါ့ကိုကြည့်စမ်း..."

အခွင့်အရေးကိုအသုံးချခါ နွေဦး ဟံသာဦးဆီကနေ စကားနှိုက်ရန် ကြိုးစားရတော့မည်။

"ဟံသာဦး...ဒီမယ် ကြည့်စမ်း..."

ဟံသာဦး မျက်နှာကို နွေဦးလက်သေးသေးလေးတွေနှင့် ဆွဲပွေ့ယူခါ မျက်နှာချင်းဆိုင်တစ်တန်းထဲထားစေသည်။ ဟံသာဦးကတော့ မျက်မှောင်ကလေးကုတ်လို့ သူ့အားရီဝေဝေမျက်လုံးတို့ ကြည့်သည်..။

MY Crush Is My Step-FatherWhere stories live. Discover now