Part 39
Unicode...
........................ဟံသာဦးမျက်ခုံးတွေကိုကြုတ်လို့ အိမ်အောက်က ဧည့်ခန်းတွင်ထိုင်ရင်း လက်ပတ်နာရီအား ငုံ့ခါတစ်ကြည့်ကြည့်နှင့် လက်တစ်ဖတ်ကလည်း တခါတခါပေါင်ကိုပင် ခပ်ဖွဖွရိုက်မိသည့်အဖြစ်..
"ကျစ်..."
လေတွေကိုစုတ်သပ်ရင်းဖြင့်ပင် မျက်လွှာတွေက လိမ်ကောက်နေသော အိမ်လှေကားထစ်ဖွေးဖွေးဆီ မကြာမကြာ အကြည့်ရောက်တက်သေး၏။"ဟား.. ကြာလိုက်တာ.."ဟုပင် ဟံသာဦး ရေရွတ်မိပြီး ထိုင်ရာမှထလို့ ကိုယ်တိုင်ကိုယ်ကျ အခန်းထဲမှ သွားခေါ်လာရန် အသင့်ပြင်သည်။ သို့သော်လည်း မြင်လိုက်ရသည့် အနက်ရောင် အရိပ်ကလေးက တမူထူးခြားစွာ...
ထိုအခါမှဘဲ ဟံသာဦးတယောက်ပြုံးနိုင်တော့သည်။
အခု ဟံသာဦးအဖြစ်က ဘာနှင့်တူသလဲဆိုတော့ မင်္ဂလာဆောင်ခါနီးတွင် အခန်းထဲမှထွက်မလာသေးသော သတို့သမီးအားကြာနေလို့ အလွန်စိတ်ပူနေသယောင်...
အဖြူရောင်စတစ်လက်ရှည်ကို အပေါ်ထပ်ကုဒ်အနက်နှင့် လည်စည်းပါပြီး စတိုင်ပန်ဘောင်းဘီ အနက်တို့သည် ခန္ဓာကိုယ်ပေါ်ချပ်ကပ်စွာ နေရာယူထားသော အဝတ်တို့သည် အသားဖြူဥနေသော နွေဦးကိုပင် ပို၍ထင်ပေါ်နေအောင်ထောက်ပ့ံပေးထားသည်။ ဒါ့အပြင် ခါတိုင်းလို နှဖူးပေါ်ဝဲနေသည့် ဆံပင်တွေဟာ ဂျယ်ဖြင့်ဖိကပ်ထိန်းသိမ်းထားခြင်းခံထားရသဖြင့် ဘဲဥပုံမျက်နှာလုံးလုံးလေးဟာ ခါတိုင်းထက်ရှင်ူလက်းနေ၏။ဒါ့အပြင် ပါးပြင်ပေါ်ရှိ မှဲ့နက်ကလေးမှာလည်း ဒီနေ့မှ ထင်ရှားပေါ်လွင်နေ၏။
နုနယ်နေသော မျက်နှာလုံးလုံးလေးဟာ ဒီနေ့တနေ့တော့ ချွင်းချက်အနေဖြင့် ယောက်ျားပီသနေပါသည်။ခါတိုင်း ဆံပင်တွေအောက် ပုန်းဝင်နေတဲ့ မျက်ခုံးတန်းထူထူတွေဟာ ဒီနေ့မှာတော့ တောင်တန်းများသဖွယ်... ပန်းနုရောင် ကြည်လင်ရှင်းသန့်နေသော နှုတ်ခမ်းတွေဟာလည်း တင်းတင်းစေ့လို့ ခပ်ရေးရေးစိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေးနုနုလေးတွေပင်တစ်ချက်တစ်ချက် ဟံသာဦးအာရုံထဲပေါ်လာသေးသည်။
"ဘာကြည့်နေတာလဲ.." ဟု နွေဦး မနေတက်စွာ မျက်လွှာကလေးချလို့မေးမိသည်။