Part 19
Unicide...
"ကိုကို..."
ခပ်ချွဲချွဲအသံလေးနဲ့ လက်မောင်းတစ်ဖတ်အား သူ့မပါးလေးအပ်ခါ ကြောင်လေးလိုချွဲနေသော ကျွန်တော်သိပ်ချစ်ရတဲ့ ရည်းစားဦးလေး...
"ဗျာ..." ဟုဆိုခါ ဟံသာဦး သံရှည်ဆွဲမိသည်..။
"ဒီနှစ်ကျောင်းပြန်တက်ရမယ်မှလား.. "
"အင်းလေ.."
"ကိုကို ဂတိပေး..နောက်တစ်ခါရန်မဖြစ်ရဘူးနော်..."
သူမကစိုးရိမ်တကြီးနဲ့ သတိပေးလာပုံထောက် ဟံသာဦးသူ့အမှားသူသိသလိုမျိုး အပြုံးလေးနဲ့ သူ့လက်မောင်းအားမှီတင်းနေသော ချစ်ရသူအား စောင်းငဲ့ကြည့်လိုက်တော့ ဆူပုတ်ပုတ်မျက်နှာထားလေးနဲ့ သူမ...
"အင်းပါ..ကိုယ်နောက်တစ်ခါရန်မဖြစ်တော့ပါဘူး" ဆိုသော ဂတိအား သူမလေးကြားအောင် ပြန်ဖြေမိသည်...။
တကယ်က ၁၀တန်းတုန်းကလွန်းလွန်းကို လာကြောင်တဲ့ကောင်ကြောင့် ဟံသာဦး နဲ့ရန်ဖြစ်ခဲ့ရာမှ တစ်ဖတ်လူ ဆေးရုံတင်လိုက်ရသည်အထိ လူရိုက်မှုအထိကျူးလွန်ခဲ့ပြီး ကျောင်းလေးနှစ်နားခဲ့ရသည်...။အခု လေးနှစ်ကလည်း ပြည့်ခါနီးပြီ.. ကျောင်းလည်း ပြန်တက်ရတော့မည် အဲ့တာကြောင့်ဘဲ လွန်းလွန်း သူ့ကို စိတ်မချ ဖြစ်နေတာပါ..
"လွန်းလွန်း..."
"ပြော..."
"လွန်းလွန်း တက္ကသိုလ်ဆက်တက်ပါ ကိုယ့်ကိုစောင့်မနေနဲ့ လွန်းလွန်း ပညာရေး ကိုယ့်ကြောင့်နဲ့ နှောင့်နှေးတယ်.."
"ကျစ်...ကိုကို.. လွန်းလွန်း ဘယ်နှခါပြောရမလဲ ကိုကိုနဲ့ဘဲကျောင်းဆက်တက်ချင်တာပါလို့ဆို အခု တစ်နှစ်ဘဲ စောင့်ရတော့မှာလေ.. "
ဟံသာဦးသည် နန်းသျှစ်ဝေလွန်းရဲ့ လက်ဖဝါးတွေကိုဆုတ်ကိုင်ရင်း..."ကျောင်းပြီးရင် ကိုယ်တို့လက်ထပ်ကြမယ်လေ နော်..."
"ကိုကို လွန်းက ကိုကို့ကို ချစ်ပါတယ် ဒါပေမဲ့ လွန်းကဆင်းရဲတယ်.. ကိုကို့မိဘတွေဆီမှာ လွန်း မျက်နှာမငယ်ချင်ဘူး ပြီးတော့ လွန်းရဲ့ အလုပ်တွေလည်း အောင်မြင်လုနီးပါဘဲ လွန်းကို အချိန်ပေးပါအုံး ကိုကိုရယ်.."