စတင် ဆုံစည်းကျရာဝယ် ( Uni)

3.2K 224 12
                                    

အပိုင်း - ၃ ( စတင် ဆုံစည်းကျရာဝယ် )


" ဟင်း !!ဟင်း !!အင်း!! ဟင်း!!ဟင့်!!! "

အနားသို့ရောက်လာလေ အသံကပိုမိုပီသလာလေ ။
အနီးဆုံးနေရာသို့ရောက်သောအခါ လက်စွဲတော်ဓားကို
အသင့်အနေအထားနှင့် ချိန်ရွယ်ပြီး အသံပိုင်ရှင်ကို
ရှာလိုက်သည့်အခါ မထင်မှတ်သောမြင်ကွင်းတစ်ခုကို
မြင်လိုက်ရလေတော့၏ ။



*
*
*
*
*
*
*
*


ပထမဆုံးမြင်လိုက်ရသည်က သစ်ပင်ခြေရင်းမှာရှိနေသည့်
ဖြူဖွေးသည့်ခြေဖဝါးတွင်သွေးနီရဲရဲတို့ ကပ်ငြိနေသည့်
မြင်ကွင်းတစ်ခု ။ ဖိနပ်မပါခြေဗလာဖြင့် ခရီးကြမ်းနှင်းလာ
ရသူမှန်းသိသာနေလေ၏ ။ ထိုမှတစ်ဆင့် တစ်ဖြေးဖြေး
ချင်းအရှေ့ကိုတိုးကြည့်လေသော် သစ်ပင်ခြေရင်းမှာ
လဲကျနေတဲ့ မိန်းကလေးငယ်တစ်ဦးကို မထင်မှတ်စွာ
တွေ့လိုက်ရလေတော့သည်။

မင်းဆရာတို့အမြဲမပြတ်ရှိနေသည့် ဒီဥယျာဉ်ထဲကို
ဘယ်အချိန်မှာများဝင်လာတာလဲ ။ အနှီးလူသား
ဒီဥယျာဉ်ထဲရောက်နေတာကို အဘယ်သူ
တစ်စုံတစ်ယောက်ကမျှ သတိမမူမိလေသနည်း ။
အတွေးများနှင့်အတူ သေချာသွားကြည့်မိတော့
ဆံနွယ်ရှည်ရှည်တွေက မျက်နှာတစ်ဝိုက်ဖုံးအုပ်နေ
တာမို့ မျက်နှာကိုထင်ရှားစွာမမြင်ရပေ ။
လက်ဆွဲတော်ဓားအဖျားနဲ့ ဆံပင်တွေကိုအနည်းငယ်
ဖယ်လိုက်သည့်အချိန်မှာတော့ ကြည်လင်နေသော
မျက်နှာတစ်ခြမ်းကပေါ်လာလေတော့သည် ။
တစ်ဝက်တစ်ပျက် မပီမသအလှတရားကပင်
လှရက်ချည်ရဲ့လို့ တမိသည့်အထိသတိလက်လွတ်
ဖြစ်စေပြန်၏ ။

ကိုယ်ရံတော်တပ်ဖွဲ့ကိုလှမ်းခေါ်လိုက်ပြီး လဲကျနေတဲ့
လူနာကို စစ်ဆေးစေလိုက်သည် ။ တကယ်ပဲသတိမေ့
နေလေရဲ့။မိမိရဲ့ဥယျာဉ်တော်အတွင်းခိုးဝင်လာသူအတွက်
အပြစ်ဒဏ်သည်သေခြင်းတရားမှအပါး အခြားမရှိသော်ငြား
လည်းပဲ မသိစိတ်ရဲ့ လှုံ့ဆော်စေခိုင်းမှုကိုလိုက်နာက
ပထမဆုံးပြောလိုက်မိတာက

" ကိုယ့်တော့်ကို သောက်ရေအနည်းငယ်ယူလာပေးပါ "

ကိုယ်ရံတော်က သောက်ရေယူဖို့အတွက် အနားကနေ
ထွက်ခွာသွားတဲ့အချိန် အဖြူရောင်ဝတ်စုံနဲ့ မိန်းမငယ်လေး
ကို လည်တိုင်လေးကနေမပြီး အသာထိန်းချီလိုက်တဲ့
အခါမှာတော့

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Where stories live. Discover now