အပိုင်း - ၂၈ ( ပြန်လည်ဆုံတွေ့ကြရာဝယ် )
❗A/N - ဒီအပိုင်းမှာ အရှင်က ရှင်လွန်းငယ်နဲ့ဆုံခဲ့တဲ့အရာတွေကို ပြင်ပဘဝမှာမမှတ်မိတော့ဘဲ အိမ်မက်တွေကနေပဲ
ပြန်မှတ်မိနေတာပါ။သူတို့ပြန်တွေ့တဲ့အချိန်မှာလဲ သူတို့နှစ်ယောက်ကြားက ကတိစကားကြောင့် အတိတ်မှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သတိရယုံပါ။မကောင်းတဲ့အကြောင်းအရာ
အားလုံးကို ပြန်သတိရတာမျိုးမဟုတ်ပါဘူး။ ❗" ခဏတော့ စောင့်ပေးပါအရှင် ၊ ကျွန်တော်မျိုးက ကျိန်းသေပြန်လာပါ့မယ် ၊ ဘဝအသစ်မှာ ဘယ်တုန်းကမှ မဟောင်းခဲ့တဲ့အချစ်တွေနဲ့ အရှင်ရယ်ကျွန်တော်မျိုးရယ် သက်ဆုံးတိုင်
ပျော်ရွှင်စွာပေါင်းသင်းကျရအောင်ပါ ၊ ကျွန်တော်မျိုး ပြန်မလာခင်ကြားမှာတော့ ရှင်လွန်းငယ်ဆိုတဲ့ အရှင့်မြတ်နိုးရာနာမည်ကိုသာ နှလုံးသားထဲသိမ်းဆည်းထားရင်း စောင့်စားနေပါလေ"*
*
*
*
*
*
*
*အချိန်တို့ တစ်ရွေ့ရွေ့ကုန်ဆုံးခဲ့လေပြီ။ နွေ မိုး ဆောင်းတို့ အကြိမ်ကြိမ်လည်ပတ်ခဲ့တာလဲ ရာသီစက်ဝန်းဆယ်စုနှစ်ပေါင်းများစွာ။ မောရိယတိုင်းပြည်သည် အိမ်နီးချင်းနိုင်ငံဖြစ်သော
ပုုဂံပြည် တမ္ပဒီပနန်းတော်မှ ဘုရင်မင်းမြတ်ဖြစ်သည့်အရှင် အနိရုဒ္ဓါမင်းမြတ်နှင့် လွန်စွာကောင်းမွန်သည့်နှစ်ပြည်ထောင်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်လေ၏။အရှင်အနုရုဒ္ဓါ၏ဆရာဖြစ်တော်မူသော ရှင်အရဟံ၏လမ်းညွှန်မှုဖြင့် မောရိယတိုင်းပြည်သည်လဲ ထေရဝါဒဗုဒ္ဓဘာသာလွန်စွာထွန်းကားနေလေပြီဖြစ်လေသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်လောက်က မောရိယတိုင်းသူပြည်သားများသည် မိစ္ဆာဒိဠိအယူဝါဒအား ယုံကြည်ကိုးကွယ်သူများသာဖြစ်၏ ။
တစ်နေ့တွင် တိုင်းပြည်အတွင်း မိုးခေါင်ရေရှား အစာရေစာပြတ်လပ်သည့် ကပ်ဘေးများဆိုက်ရောက်ခဲ့လေသည်။ ထိုအချိန်တွင် အရှင်သူရဇ္ဇမှ သူကိုးကွယ်သည့်မင်းဆရာဦးမာဃအား
ကပ်ရောဂါဘေးတို့ကင်းဝေးစေခြင်းငှါ ယဇ်ပူဇော်များကျင်းပစေသည်။သို့သော် ကပ်ဘေးတို့ကလျော့ပါးသွားခြင်းမရှိချေ။
YOU ARE READING
မခူးဝံ့သည့်ပန်း ( မခူးဝံ႔သည့္ပန္း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023