ပြန်ဆုံတွေ့ဖို့ ထားခဲ့သည့်ကတိစကား ( Zaw)

488 16 0
                                    

အပိုင်း - ၂၇ (ပြန်ဆုံတွေ့ဖို့ ထားခဲ့သည့်ကတိစကား)


" ကျွန်တော်မျိုး ကျွန်တော်မျိုးက သွေးကျိန်စာအသက်မဝင်မချင်း မေ့မျောအိပ်ပျော်နေခဲ့တာလား "

" ဟုတ်ပါတယ်သားတော် "

" ဒါ ဒါဆို အချိန်ဘယ်လောက်ကြာအောင်များ "

" အချိန်အားဖြင့် နှစ်ပေါင်းရာချီပြီး ကြာရှည်ခဲ့ပေါ့သားတော်ရယ် "

ကြားလိုက်ရသည့်စကားကြောင့် ရှင်လွန်းငယ် မယုံကြည်နိုင်လောက်အောင်ဖြစ်သွားရလေတော့သည်။ ဒီလိုသာဆို ကိုယ် ဟာ နှစ်ပေါင်းရာချီပြီးမေ့မျောနေခဲ့တာပေါ့။ ဖြစ်နိုင်ပါ့မလား ။

*
*
*
*
*
*
*
*

" နှစ်ပေါင်း ၈၀၀ကျော်လောက် အိပ်ပျော်နေပြီးမှ ပြန်နိုးလာရတဲ့အချိန်မှာ ကြားထဲမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေက သားတော်မသိလိုက်တဲ့အကြောင်းတရားတွေပေါ့ ၊ သားတော်က အချိန်တွေအများကြီးအိပ်ပျော်နေခဲ့သလိုပဲ အရှင်သူရဇ္ဇနဲ့ သူရိယ ၊ နန္ဒဆိုတဲ့လူသားတွေကတော့ ဘဝပေါင်းခုနစ်ဘဝလောက်ဖြတ်သန်းလာခဲ့ပြီးပြီလေ ၊ သူတို့ဖြတ်သန်းခဲ့ရတဲ့ဘဝတွေကရှည်ကြာလွန်းတဲ့အတွက် ဟိုးအရင်အတိတ်က
အကြောင်းအရာတွေကို ဘယ်လိုများမှတ်မိနိုင်ပါတော့မလဲ "

အသံတိုးတို့ဖြင့်ရှင်းပြနေသော အဘဆရာ၏အသံက ရှင်လွန်းငယ်နားထဲမှာတော့ကျယ်လောင်စွာပင်ကြားနေရလေသည်။
မယုံကြည်နိုင်လောက်သောအကြောင်းတရားများပါလား ။
ကိုယ်ဟာ သာမာန်လူသားတစ်ယောက်အနေဖြင့် အဘယ့်ကြောင့်နှစ်ပေါင်း ၈၀၀လောက်နေထိုင်နိုင်ခဲ့လေသနည်း ။
ဒါကလဲ အဘဆရာပြောခဲ့သလိုမျိုး သာမာန်လူသားတို့အနေနဲ့
လိုက်ပြီးတွေးဖို့်အတွက် ဥာဏ်မမှီနိုင်တဲ့အကြောင်းတရားတွေ
ဖြစ်နေလေမလား ။

" အကိုတော်တို့လဲ အရာအားလုံးကိုမေ့လျော့နေခဲ့တာပါ ၊
အရှင်မေရိယသူရဇ္ဇဆိုတဲ့ နန်းလုဖက်ညီအကိုတော်တစ်ယောက်ကို ပြန်ပြီးလက်စားချေချင်လို့ ကြားဖူးထားတဲ့သွေးကျိန်
စာအကြောင်းကို ပြန်လည်အစဖော်ခဲ့မိတယ် ၊ စိမ်မဟာမြိုင်တောအုပ်ထဲမှာ သွေးကျိန်စာအကြောင်းကိုပြောပြနိုင်တဲ့ လူတစ်ယောက်ရှိတယ်ဆိုတဲ့သတင်းစကားကို ကြားပြီးတဲ့အချိန်
စိမ့်မဟာမြိုင်ထဲကို ခရီးထွက်ဖို့ဆုံးဖြတ်ခဲ့မိတယ် ၊ အကိုတော် တို့တွေးထားတာက အရှင်မောရိယသူရဇ္ဇကို လက်စားချေဖို့ စိမ့်မဟာမြိုင်တောအုပ်ထဲဝင်ခဲ့တယ်ပေါ့ ၊ တကယ်တမ်းတော့
အတိတ်ကရေစက်ရှိခဲ့လို့ စိမ့်မဟာမြိုင်ထဲကိုရောက်အောင် သွားခဲ့မိတာပဲ ၊ တောအုပ်ထဲကိုရောက်တော့ အဘဆရာကြီးနဲ့ဆုံခဲ့တယ်၊ အဲလိုဆုံတွေ့ခဲ့တဲ့အချိန်ကျမှ အတိတ်ကအဖြစ်အပျက်တွေကို အဘဆရာကြီးကပြောပြလာတာပါ ၊အတိတ်က အဖြစ်အပျက်တွေဆိုပေမဲ့ အဘဆရာကြီးရဲ့စကားတွေကိုကြားပြီးတဲ့နောက်မှာ အကိုတော်တို့ကိုယ်တိုင် အရာအားလုံးကိုပြန်မှတ်မိလာပါတယ် "

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Where stories live. Discover now