" စစ်သွေးကြွဘုရင် မောရိယသူရဇ္ဇ " ( Uni)

8.1K 291 14
                                    


Part-1

        
      " အမိန့်တော်ပါး မှာစကားတည်း "


အချိန်အားဖြင့် ခရစ်နှစ် ၁၀၄၄ - ၁၀၇၇ ခုနှစ်
ပုုဂံပြည်တမ္ပဒီပနန်းတော်တွင် ဘုရင်အနိရုဒ္ဓါအရှင်မြတ်က မင်းအဖြစ် စိုးစံတော်မူသည့်အချိန်တစ်ဆက်တည်း အိမ်နီးချင်းနိုင်ငံ မောရိယနိုင်ငံတော်တွင် ဘုရင်မောရိယသူရဇ္ဇ အုပ်ချုပ်စိုးစံတော်မူ၏ ။

အနိရုဒ္ဓါအမည်တွင်သည့် အနော်ရထာမင်းစော
လက်ထက်တွင် ပုဂံပြည်သည်သာယာဝပြောမှု
အမြင့်ဆုံး ။ နယ်ရှစ်ခွင်တစ်ခုလုံး စည်ပင်သာယာပြီး ုပြည်သူပြည်သားများ၏ လုံခြုံမှု ၊ပျော်ရွှင်မှုသည် အမြင့်ဆုံးရှိနေသည့်အချိန်ကာလာဖြစ်နေသည် ။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရင်မောရိယသူရဇ္ဇ အုပ်ချုပ်သော မောရိယတိုင်းပြည်တွင်တော့ ပြည်သူများထိတ်လန့်တုန်လှုပ် စိတ်နှလုံးမချမ်းမြေ့ဖွယ်ကာလာဖြစ်တည်နေ၏ ။

အကြောင်းမူကား မောရိယဘုရင်သူရဇ္ဇသည် တိုင်းပြည်၏ ဘုရင်မင်းမြတ်အဖြစ် ဘိသိက်ခံယူပြီးနောက် ၎င်း အိမ်ရှေ့စံမင်းသားမင်းသားမဖြစ်ခင်အချိန်ကာလတွင်သူ့အား အိမ်ရှေ့စံအဖြစ်တင်မြှောက်ရန်ကန့်ကွက် ခဲ့သော မှူးကြီးမတ်ရာများ ၊ ဆွေတော်မျိုးတော်များ ၊ အခြားသောသူများ စသည့်ဖြင့် လူပေါင်းများစွာကို ထောင်သွင်းအကျဉ်းချခြင်း ၊ သတ်ဖြတ်ခြင်းများ
ပြုလုပ်နေသောကြောင့်ဖြစ်လေသည် ။

ဘုရင်သူရဇ္ဇသည် နတ်ရွာစံခဲ့ပြီဖြစ်သော ယခင်ဘုရင်မင်းတရားကြီး၏သားတော်သုံးပါးအနက် တောင်နန်းစံမိဖုရားခေါင်ကြီးစန္ဒာဒေဝီမှ မွေးဖွားခဲ့သောတစ်ဦးတည်းသောသားတော်ဖြစ်ပေသည် ။ သူရဇ္ဇမည်သော မင်းသားငယ်ဘဝမှာပင် စာပေကျမ်းဂန်အတတ်ပညာထက် စစ်မတ်ရေးရာတိုက်ခိုက်ရေးဘက်ကိုသာ အားသန်ထူးချွန်သူဖြစ်၏ ။

မင်းပျိုးမင်းလွင်အရွယ်သို့ရောက်သောအခါ
အခြားသော မြောက်နန်းစံမိဖုရားနှင့် အနောက်နန်းရမိဖုရားနှစ်ပါးမှမွေးဖွားသော အဖေတူအမေကွဲ
ညီတော်များကဲ့သို့ မင်းသားတို့တတ်အပ်သော
အဌာရသ၁၈ရပ်ကို သဘောမျှသာသင်ယူခြင်းပြုပြီးစစ်မက်ပညာကိုသာ တစိုက်မတ်မတ်လေ့လာလေသည် ။

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Donde viven las historias. Descúbrelo ahora