အပိုင်း - ၉ ( မတူညီသော ယုံကြည်မှု)
" မင်းလေးက ကိုယ်တော်သိပ်မြတ်နိုးမိသွားတဲ့ ပန်းလေးပဲ၊
ခြွေချဖို့မဆိုလေနဲ့ ခူးယူဖို့တောင်မဝံ့မရဲဖြစ်ရလောက်တဲ့အထိ
အဖိုးထိုက်တန်လွန်းပါပေတယ်၊ ဘဝတစ်လျှောက်လုံး
ကိုယ်တော်မခူးဝံ့တဲ့ပန်းလေးက မင်းပဲဖြစ်မှာပါ ၊ မြတ်နိုးလိုက်ရတာ ရှင်လွန်းငယ်လေးရယ် "*
*
*
*
*
*
*
*ယနေ့တွင် မောရိယတိုင်းပြည်ရှိပြည်သူပြည်သားများ
ထူးခြားစွာပျော်ရွှင်နေကျလေသည်။ သတင်းစကားများ
တစ်ဆင့်စကားပါးကျခြင်းဖြင့် နန်းတွင်မှာဖြစ်နေသည့်
အဖြစ်အပျက်တစ်ချို့သည် ပြည်သူတွေကြားပျံ့နှံ့နေလေ၏။နန်းတွင်းတွင် အဆောင်လူသားတစ်ဦးရောက်ရှိနေကြောင်း၊
ထိုအဆောင်လူသားရောက်ရှိလာသည့်နေ့မှာပင်
မောရိယပြည်၍ မိုးသည်းထန်စွာရွာသွင်း၍ ရောဂါကပ်ဘေး
များလည်း တစ်စတစ်စကင်းရှင်းလာကြောင်း ၊ ရေမြေ့သခင်
ဖြစ်တော်မူသောဘုရင်သူရဇ္ဇက ထိုအဆောင်လူူသားအား
လွန်စွာမှနှစ်သက်သဘောကျတော်မူကြောင်း စသည်ဖြင့်
သတင်းအမျိုးမျိုးကိုကြားခဲ့ကြရလေသည်။ယနေ့တွင်မူ တိုင်းပြည်အတွင်း ယဇ်ယူဇော်ပွဲများ
ကျင်းပကာ အဆောင်လူသားအားသက်ဆိုင်ရာနတ်မင်း
ကြီးများထံအပ်နှံပေးခြင်းနှင့် အရှင်မင်းတရားကြီးသူရဇ္ဇ၏
အနီးအပါးသို့ပြောင်းရွှေ့ခစားခံရစေမည့် အခမ်းအနားကို
ကျင်းပရန်ပြင်ဆင်နေကျခြင်းဖြစ်လေသည်။ယဇ်ပူဇော်မည့်ကွင်းပြင်ကျယ်ကြီးတွင် ****
အမည်ရသောနတ်မင်းကြီး၏ပုံတူကျောက်ရုပ်ထုကြီး
ရှိလေသည်။ရုပ်ထု၏အရှေ့တွင် အလျှံတငြီးငြီးမီးဖိုကြီး
ရှိနေလေ၏။ မီးဖိုအနီးတွင်မင်းဆရာဦးမာဃနှင့်
အခြားနတ်ဆရာအငယ်များရှိလေသည်။ ဦးမာဃနှင့်
နတ်ဆရာများက တစ်စုံတစ်ရာကိုစောင့်လင့်နေဟန်
ရှိလေသည်။အချိန်မကြာမှီမှာပင် လှပတင့်တယ်သော
ဝေါယာဉ်များသည်ထိုနေရာသို့ရောက်ရှိလာလေတော့သည်။အနီရောင်ပိုးပဝါပါးကာရန်ထားသည့်ဝေါယာဉ်ထဲမှ
ဘုရင်မင်းမြတ်က ဝေါယာဉ်အပြင်သိုရောက်သည်နှင့်
တပြိုင်ထဲ အနောက်ဖက်တွင်ကပ်၍ပါလာသော
ဝေါယာဉ်ထဲမှာတစ်စုံတစ်ယောက်ကို လက်ကမ်းကြိုဆို
ပေးလေသည်။အရှင်သူရဇ္ဇ၏ လက်ဖဝါးပြင်ထက်သို့
သေးသွယ်ရှည်လျားသောလက်ချောင်းလေးများက
ထပ်လျက်နေရာယူပြီးသည့်အခါ ထိုဝေါယာဉ်ထဲမှ
လူတစ်ဦးထွက်လာလေတော့၏။
YOU ARE READING
မခူးဝံ့သည့်ပန်း ( မခူးဝံ႔သည့္ပန္း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023