အကိုနှစ်ယောက်နှင့် ပြန်လည်ဆုံတွေ့ခြင်း ( Zaw )

482 18 0
                                    

အပိုင်း - ၂၆ ( အကိုနှစ်ယောက်နှင့် ပြန်လည်ဆုံတွေ့ခြင်း)


တပ်မက်ခြင်းဆိုတဲ့အရာကို လောဘတတက်စေခဲ့သည့်
အမြတ်နိုးရဆုံးအရာသည် ရှင်လွန်းငယ်ဆိုသည့် မခူးဝံ့သည့်
ပန်းအလှလေးဖြစ်နေသမျှ သူရဇ္ဇ၏စိတ်နှင့်ခန္ဓာတွင်
နောင်တဆိုတာမရှိ။ဒေါသဆိုတာမရှိ။ ချစ်ရသူ၏ စိတ်ဆန္ဒတွေကိုဖြည့်ဆည်းပေးခြင်းသည့် အဖြူရောင်ချစ်ခြင်းမေတ္တာသာရှိလေတော့၏။ သေဆုံးသွားခဲ့ရရင်တော့ မင်းနားကို
လိပ်ပြာငယ်အဖြစ်ပြန်လာခဲ့ပါမယ် ပန်းအလှလေးရယ်။


*
*
*
*
*
*
*
*

သွေးရောင်တို့ကင်းစင်သွားသောကောင်းကင်သည် ကြည်လင်နေလေပြီ။ အရှင့်၏ အသက်မဲ့နေလေသောရုပ်ခန္ဓာကို
ထွေးပွေးရင်းငိုနေမိသည့် အချိန်အခိုက်အတန့်များတွင်
ရှင်လွန်းငယ်ကိုယ်တိုင် အရှင့်နောက်ပါးသို့ လိုက်သွားချင်စိတ်
များထိန်းမရတော့ ။ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုကို
ခိုင်မာစွာချပြီးသည့်နောက် အရှင့်ပါးပြင်ကိုအသာအယာပင်
နမ်းရှိုက်လိုက်တော့၏ ။ ဝင်သက်ထွက်သက်တို့ကင်းမဲ့နေ
သော အရှင့်ခန္ဓာကိုယ်သည် သက်ရှိလူသားကဲ့သိုပင် နွေးထွေးနေသေး၏ ။ အရှင့်အား မက်မောစွာနမ်းရှိုက်ပြီးသည့်
အခိုက်အတန့်မှာပင် အရှင့်ရင်ဘက်ကိုထိုးစိုက်ဝင်ရောက်နေသော အဆောင်ဓားအား ဖြေးဖြေးချင်းဆွဲထုတ်လိုက်သည်။ သွေးစက်လက်ဖြင့်အဆောင်ဓားကို မြင်ရသည့်အခိုက်အတန့် မှာ နောက်တစ်ကြိမ်သည်းထန်စွာငိုမိသွားပြန်၏ ။

အဆောင်ဓားကို အသက်ဝိဥာဉ်ကင်းမဲ့နေလေပြီ အရှင့်၏
ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်သည့်အခိုက်အတန့်မှာလဲ
ရှင်လွန်းငယ်၏ ရင်ဘက်ထဲမှသည် သေလောက်အောင်နာကျင်လာရ၏ ။ ဒီလိုနာကျင်မှုမျိုးကို အတိတ်ကအချိန်တုန်းကလဲ
ခံစားခဲ့ရသည်။ ယခုလဲထပ်တူထပ်မျှသော နာကျင်မှုမျိုးကြုံရပြန်၏ ။ ဒီလိုအခိုက်အတန့်မျိုးကို နောပ်ထပ်ဘယ်တော့မှပင်
မကြုံချင်တော့ပါ။ ဒီဘဝမှာသာ နောက်ဆုံးဖြစ်စေချင်တော့၏။

ငြိမ်သက်နေသော ပတ်ဝန်းကျင်သည် ယခုအချိန်တွင် ထူးဆန်းသည်ဟုပင်ဆိုရလေမလား ။ အရှင်နှင့်ရှင်လွန်းငယ်၏အဖြစ်အပျက်ကို ဘယ်နန်းစောင့်ရဲမက်တစ်ဦးတစ်ယောက်ကမျှ
မတွေ့ရှိချေ။ ရဲမက်များနှင့်အစေခံ၊ အထိန်းတော်များအားလုံးတို့သည် ကိုယ်တွေအနီးအနားသို့ရောက်မလာအောင်ပင်
တားဆီးခံထားရလေသလား ။ ဖျက်ခနဲတွေးမိသည့်အတွေး
တစ်စကို နာကျင်စွာရယ်မောလိုက်ခြင်းဖြင့် ဖြေဖျောက်လိုက်မိ၏ ။ ထို့နောက်အရှင့်အား နှုတ်ဆက်အနမ်းဖြင့်နှုတ်ဆက်လိုက်လေသည်။

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Donde viven las historias. Descúbrelo ahora