အပိုင်း - ၂၃ ( အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း)
" မင်းလေးသိရဲ့လား ကိုယ်တော်ကလေ အရွယ်စရောက် လာထဲက ယောက်ျားတစ်ယောက်ရဲ့သွေးသားဆန္ဒကို
အခြားဘယ်သူနဲ့မှအတူနေပြီး ဖြေဖျောက်ခဲ့တာမျိုးမရှိဘူး ၊
မင်းလေးနဲ့ဆုံခဲ့ရတော့လဲ မင်းကို ကိုယ်တော့်ရဲ့ယောက်ျားတစ်ယောက်ဆန္ဒတွေဖြေဖျောက်ရာလို့ ဘယ်တုန်းကမှမတွေးခဲ့ဘူး ၊ ချစ်ရသူနဲ့သွေးသားချင်းဖလှယ်ခွင့်ရဖို့ ကိုယ်တော်မျှော်လင့်မိတာတော့အမှန်ပဲ ၊ အဲဒါက ဘယ်အချိန်လဲဆိုရင်
မင်းလေးက ကိုယ်တော့်အတွက်တရားဝင်ဆိုတာကို အသိအမှတ်ပြုပေးပြီးတဲ့အချိန်ပေါ့ ၊ မင်းကိုထိမ်းမြားမယ် ၊ ထိုက်တန်တဲ့ရာထူးအဆောင်အယောင်အပ်နှင်းမယ် ၊ အဲလိုလုပ်ပေး
ပြီးတော့မှ မင်းကိုသိမ်းပိုက်မယ်၊ အခုချိန်မှာတော့ ငေးကြည့်ရခြင်းနဲ့ကျေနပ်နေပါ့မယ်၊ တပ်မက်မိလို့တောင်းပန်ကြေးဆို
ကိုယ်တော်ကသာတောင်းပန်ရမယ့်သူပါ ၊ တပ်မက်မိလို့တောင်းပန်ပါတယ် ကိုယ်တော်မခူးဝံ့တဲ့ပန်းလေးရယ် "*
*
*
*
*
*
*
*တိတ်ဆိတ်နေသည့်စံအိမ်တော်အတွင်း ရှင်လွန်းငယ်အိပ်ယာကနေနိုးလာသည့်အချိန် အရှင်က ဘေးနားတွင်ရှိမနေတော့ချေ။ အရှင့်ဆီသို ရောက်လာသည့် ငါးရက်တာကာလအတွင်း
ပထမဆုံး အရှင်မပါဘဲနိုးလာရသည့် မနက်ခင်းဖြစ်လေသည်။
ကိုယ်အိပ်ယာနိုးမှန်းသိသွားသည့် စံအိမ်တော်ရှိလူများက
မနက်ခင်းမျက်နှာသန့်စင်ဖို့အတွက် ပြင်ဆင်ပေးလာကျ၏ ။
အရှင် ဘယ်များသွားနေလဲမေးဖို့တွေးနေတုန်းမှာပင်
အစေခံအမျိုးသမီးတစ်ယောက်မှ" မြို့ဝန်မင်းက ဒီနေ့မနက်အစောပိုင်းမှာပဲ နေပြည်တော်ကို
သွားရပါတယ် ၊ ဘဝရှင်မင်းတရားကြီးနဲ့မိဖုရားခေါင်ကြီးတို့က
စာချွန်လွှာပို့ပြီး အမြန်ပြန်လာခိုင်းလို့ မဖြစ်မနေသွားရတာပါ၊
မြို့ဝန်မင်းမရှိတဲ့အချိန်အခိုက်အတန့်မှာ ဘာပဲလိုအပ်သည်ဖြစ်စေ ကျွန်တော်မျိုးမတို့ကိုပြောလို့ရပါတယ် ၊ အရှင်ကလဲ
လိုအပ်တာမရှိရတဲ့အထိ ဂရုစိုက်ပေးပါလို့ အမှာတော်ထားခဲ့ပါတယ်"
BẠN ĐANG ĐỌC
မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023