မခူးဝံ့သည့် ပန်း ( Uni)

2.3K 165 10
                                    

အပိုင်း - ၈ ( မခူးဝံ့သည့် ပန်း )


" စိတ်ခံစားချက်တွေက ရှုပ်ထွေးလွန်းတယ်အရှင်ရယ် ၊
အရှင့်ကို သဘောကျနေရင်းကနေ ဘာမှန်းမသိတဲ့
ခံစားချက်တွေကလည်း ခဏခဏဝင်လာတယ်၊ ဘာကြောင့်
များဒီလို့ဖြစ်နေရသလဲဆိုတဲ့ ရေရာတိကျတဲ့အဖြေတစ်ချို့
ကိုသိချင်လှပါပြီ


တိတ်ဆိတ်သည့်အခန်းအတွင်း အရှင်ကတော့နှစ်ခြိုက်စွာ
အိပ်ပျော်နေလေတော့သည်။

*
*
*
*
*
*
*
*

တောကတစ်ဖြေးဖြေးနှင့် နက်သည်ထက်နက်လာလေပြီ။
သစ်ပင်တို့က လက်ယှက်ထိုးအုပ်ဆိုင်းနေသောကြောင့်
နေရောင်ကိုပင်မမြင်ရတော့ချေ။ မင်းသားသူရိယနှင့်နန္ဒ
တို့သည် နောက်လိုက်နောက်ပါတစ်ချို့နှင့် စိမ့်မဟာမြိုင်ထဲ
ဝင်ရောက်လာသည်မှာ ယနေ့ဆိုလျှင်ငါးရက်မြောက်ပင်
ရှိချေပြီ။ တောနက်လာသည့်တိုင် ရှာဖွေနေသူကို
မတွေ့ရသေးချေ။မြေပုံမပါ လက်ဗလာဖြင့် တောတိုးဝင်
နေရခြင်းကြောင့် ခရီးကလည်းမတွင်လှချေ။

ခရီးလမ်းတစ်လျှောက် လူသေစေလောက်သည့်
အန္တရာယ်များကို သတိထားရှောင်နေရင်းမှသည်
တစ်နေရာအရောက်မှာတော့ ...

" အား !!! "

နောက်ပါးဆီမှကြောက်လန့်ဖွယ်အော်သံကြောင့် အမြန်ပင်
နောက်လှည့်ကြည့်လိုက်သောအခါ နောက်လိုက်နောက်ပါ
ရဲမက်တစ်ချို့ထဲမှ ဗလဟုခေါ်တွင်သောရဲမတ်တစ်ဦးသည်
လေထဲတွင်မြောက်တက်နေသည်ကို တွေ့လိုက်ရလေတော့၏။
ဗလအား လေထဲတွင်မြှောက်ထားသည့်တရားခံကို
တွေ့လိုက်ရသည့်အချိန်တွင်မူ ရဲမက်တစ်ချို့မှာကြောက်စိတ်
ဖြင့် မြေပြင်ပေါ်လဲကျရကုန်တော့၏။

အကြောင်းမူကား လူတစ်ကိုယ်စာအရွယ်လုံးပတ်ရှိပြီး
မြေကြီးအရောင်နှင့် ခွဲမရအောင်တူနေသည့်ကြီးမားသည့်
မြွေဆိုးကြီးတစ်ကောင်က ဗလ၏ခါးနေရာမှသည်ကိုက်ချီထား
ခြင်းကြောင့်ဖြစ်သည်။ ဗလမူမှာကား တစ်ချက်သာအော်နိုင်ပြီး
မြွေကြီး၏ပါးစပ်ထဲတွင် အသက်ငင်ကာနေလေတော့သည်။
မြွေကြီးမှာမူကား နီရဲသောမျက်လုံးများဖြင့်သူရိယတို့တစ်ဖွဲ့
လုံးကိုစူးစိုက်ကြည့်နေရင်းမှ သူ့ပါးစပ်ထဲကသားကောင်ကို
စတင်ဝါးမြိုလေတော့၏။ မြွေကြီး၏အရွယ်အစားက
ကြီးလွန်းလှပြီး ပေ ၅၀နီးပါးလောက်အထိရှည်လျား
လွန်းသည့်အတွက် လူသားအားလုံးကိုအပေါ်စီးမှနေပြီး
အုပ်မိုးထားနိုင်စွမ်းရှိနေလေသည်။

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Where stories live. Discover now