အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း ၂ ( Uni)

1.5K 114 9
                                    

အပိုင်း - ၁၆ ( အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း)

" ကျွန်တော်မျိုး သိင်္ခလွန်းဇေယျာ မြို့ဝန်မင်းကိုဂါရဝပြုပါတယ် "

မပွင့်တပွင့်စကားသံကပင် သူရဇ္ဇကိုပြုံးမိစေတော့၏။
အပြာနုရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားပြီး နုငယ်လွန်းသည့်အသွင်အပြင်လေးကိုမြင်လိုက်ရသည့်အခိုက်အတန့်မှာပင်
သူရဇ္ဇ၏ ကမ္ဘာက တိတ်ဆိတ်စွာငြိမ်သက်သွားရလေတော့သည်။


*
*
*
*
*
*
*
*

ရုတ်တရက်ဆိုသလိုမျိုး ကမ္ဘာကြီးရပ်တန့်သွားသလိုမျိုး ခံစားလိုက်ရသည်။ ပျိုမြစ်နုငယ်ခြင်းတွေကို စုပုံကာသိမ်းပိုက်ထားသည့် မျက်နှာပိုင်ရှင်လေးက ကိုယ့်ကိုမရဲတရဲလှမ်းကြည့်နေလေ၏။ အရင်နေ့က ကိုယ့်ကိုသွက်သွက်လက်လက်ဖြင့်ရန်ထောင်သွားသည့်ပုံစံက တစ်မျိုးလေးထူးခြားသလိုပဲ အခုယုန်
သူငယ်လေးလိုမျိုး ငြိမ်သက်ပြနေတော့လဲ မြင်ရသူရင်ထဲ
သနားကြင်နာစိတ်ပင်ဝင်မိသွားရ၏။

" သူဌေးမင်းရဲ့သားငယ်လေးက ရည်မွန်ပုံလေးပါလား "

စနောက်ကျီစယ်လိုသည့် သဘောဖြင့်စကားစလိုက်မိတော့
တုန့်ပြန်စကားဆိုဖို့ဝေးလို့ မလုံသလိုမျက်နှာလေးက ပိုပြီးသိသာလာသည်။ကိုယ့်မျက်နှာကိုပင် ရဲရဲမကြည့်တော့ချေ။
ဒီထက်ပိုပြီး ကျီစယ်ဖို့အဖြစ်ချေတာကြောင့်ပဲ

" ကဲ ကဲ အထဲကိုကြွပါ မနက်စာလေးတည်းခင်းချင်လို့ ပြင်ဆင်ထားပါတယ် "

မနက်စာကိုစားနေသည့်အချိန်တွင် ဦးသက္ကကို စိမ့်မဟာမြိုင်နှင့်ပတ်သက်သမျှ သိလိုတာတွေကိုမေးမိသည်။လူသုံးယောက်ရှိ
နေသောစားပွဲဝိုင်းတွင် လူနှစ်ယောက်၏အသံကသာ စိုးမိုးထား၏။ မနက်စာစားပြီးသည့်အထိ စကားစမပြတ်နိုင်သေး။

ဒီရပ်ဒီဒေသအကြောင်းကို နေပြည်တော်မှာရှိစဉ်ထဲက အလုံးစုံလေ့လာစုံစမ်းထားပြီးသားမို့ ထူးထွေသိချင်တာမျိုးမရှိသည့်တိုင် ဦးသက္ကနဲ့အတူပါလာသူလေးကိုက နောက်များမှာပိုမိုပတ်သက်ရမှာသေချာတာကြောင့် ဒီမိသားစုနဲ့ရင်းနှီးအောင်လုပ်ထားဖို့ကျိန်းသေလိုအပ်လေသည် ။

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Where stories live. Discover now