အပိုင်း - ၁၃ ( ပျောက်သောသူရှာလျှင်တွေ့ )
အေးချမ်းလွန်းသည့်အနမ်းတစ်ပွင့်က ရှင်လွန်းငယ်၏ပါးပြင်ထက် ပျော်ရွှင်စွာခုန်ပေါက်ဆင်းလာလေသည်။ အရှင်က
ကိုယ့်ကို အချိန်တိုင်းပင်ပြုစားထားနိုင်ခဲ့တာလား ။
သို့မဟုတ် ကိုယ်ကပဲ အရှင့်ကိုပြုစားမိလေသလား။
ဒါမှမဟုတ် နှစ်ဦးသား၏ချစ်ခြင်းတွေပဲ ထပ်တူကျကာနေတော့လေသလား။ သေချာတာတစ်ခုကတော့ အရှင်ရောကိုယ်ပါ တစ်ယောက်နဲ့တစ်ယောက် နက်ရှိုင်းစွာငြိတွယ်မိနေကြလေပြီဖြစ်သည်။*
*
*
*
*
*
*
*❗စက်ဆုပ်ရွံရှာစရာအရေးအသား အနည်းငယ်ပါသည်။ ❗
" သတိထား! !! "
အဆက်ဆက်မရှိဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်သည့် သူရိယ၏အော်သံကြောင့် ရှေ့သို့လှမ်းလက်စခြေလှမ်းများ ရပ်တန့်သွားကျရလေသည်။ တရှဲရှဲမြည်နေသောအသံက တောရဲ့အစပ်နားဆီမှာနေထွက်လာ၏ ။ ထိုနေရာကို သတိဖြင့်ကြည့်နေကျသည့်အချိန်မှာပင်
" ဟာ! !! "
" အောင်မလေး! !! "
" အလိုလေး ကယ်ကျပါ! !!"
လွင့်စင်ထွက်ကျလာသည့် အာမေဋိတ်သံများကြားမှာ ပထမဆုံးမြင်တွေ့လိုက်ရသည့်အရာက မြေကြီးပေါ်ကနေကုန်းပြီးထလာသည့် လူဘီလူးကြီးတစ်ကောင်ဖြစ်နေလေတော့သည်။
ရှည်လျားလှသည့်အရပ်ကြီးနှင့် ရွံစရာအဖုအထစ်တွေပြည့်နေသည့်ကြီးမားလှသောခန္ဓာကိုယ်ကြီးက မြေပြင်နှင့်ပြန်ထိလုမတက် ကုန်းကုန်းကြီးဖြစ်နေသေးသည်။ သွားရည်တွေတမြားမြားကျနေသော ပါးစပ်ကြီးထဲမှထွက်လာသော အပုတ်နံသည်ကပင် အော်ဂလီဆန်ချင်စရာကောင်းလှ၏။ လက်တစ်ဖက်က ကြီးမားကာ ဆူးချွန်များဖြင့်ပြည့်နေသည့် တင်းပုတ်ကြီးကိုကိုင်ဆွဲထား၏ ။" ဒုန်း! !! "
" အား! !! "
" သေကုန်ပြီ ! !! "
အဖွဲ့သားအားလုံးငြိမ်သက်အငိုက်မိနေသည့်အချိန် ရုတ်တရက်ဆန်သောလှုပ်ရှားမှုကို လူဘီလူးကြီးကပြုလုပ်လိုက်ခြင်းဖြစ်၏ ။ သူ့လက်ထဲကတင်းပုတ်ကြီးဖြင့် သူနှင့်အနီးဆုံးတွင်ရှိနေသော စစ်သည်တော်တစ်ယောက်ကို ထုချလိုက်ခြင်းဖြစ်လေသည်။ ပြင်းထန်လှသော တင်းပုတ်၏ထုချက်အောက်တွင် ထိုလူသားမှာအော်ချိန်ပင်မရဘဲ အသက်ပျောက်သွားရတော့၏။
လူဘီလူးကြီးက ထိုလူသေကောင်ကို သူ့၏အခြားလက်တစ်ဖ
က်ဖြင့်ဆွဲယူလိုက်ပြီး အပိုင်းပိုင်းဖြတ်ကိုက်ယူစားသောက်နေလေတော့၏ ။ ထိုမြင်ကွင်းကိုမြင်နေရသည့် အခြားသူများမှာတော့ ပျို့အန်လုနီးပါးဖြစ်လာကျရတော့သည်။
YOU ARE READING
မခူးဝံ့သည့်ပန်း ( မခူးဝံ႔သည့္ပန္း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023