အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း ၃ ( Uni)

1.5K 121 3
                                    

အပိုင်း - ၁၇ ( အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း)


ပန်းခြံအတွင်းလျှောက်ကြည့်နေမိရင်း မိမိပန်းချီဆွဲသည့်အဆောင်ဘက်သို့ရောက်သည့်အခါ အဆောင်တံခါးပွင့်နေတာကိုမြင်လိုက်ရတော့သည်။ ဘယ်လိုကြောင့်များတံခါးကပွင့်နေရသလဲဆိုသည့်အတွေးဖြင့် အဆောင်အနီးသိုသတိနဲ့လျှောက်သွားလိုက်သည်။အဆောင်တံခါးကို ဖျက်ခနဲဖွင့်လိုက်သည့်အချိန်မှာတော့ မယုံနိုင်စရာမြင်ကွင်းလေးက ဆီးကြိုလို့နေလေတော့၏ ။

*
*
*
*
*
*
*
*

အခန်းထောင့်ကိုမှီပြီး အိပ်ပျော်နေသူက သူ့အိမ်သူ့ရာနှယ်
စိတ်လွတ်လက်လွတ်ရှိပုံပေါ်၏။ မျက်နှာကဘေးတစ်ဖက်ကိုစောင်းငဲ့ကျနေသောကြောင့် ဆံနွယ်ရှည်တို့က ထိုမျက်နှာပေါ်ဝဲကျနေသည်။ သူရဇ္ဇက ခြေသံလုံလုံဖြင့် ထိုသူအနီးသို့
လျှောက်လှမ်းသွားပြီးမှ သူ့အနားသို့ရောက်သည့်အခါမှာ
ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်၏။ မျက်နှာပေါ်မှာနေရာယူထားသော ဆံနွယ်တို့ကိုအသာဖယ်ရှားလိုက်သည့်တိုင် အိပ်ပျော်နေသူကနိုးမလာသေးချေ။

နုငယ်လွန်းကာ ကြည်လင်နေသည့်မျက်နှာလေး ။
မြင်ရသူတိုင်းကို စိတ်နှလုံးထဲအထိ အေးချမ်းမှုပေး၏။

" မင်းလေးနဲ့ထပ်ပြီးဆုံချင်လို့ မင်းမိသားစုတွေတွေထဲအထိရောက်အောင် ကိုယ်တိုးဝင်လာဖို့ကြိုးစားနေတာလေ ၊ အခုတော့ မင်းလေးက ကိုယ့်ပိုင်နက်ထဲအထိ ဝင်ရောက်နယ်ချဲ့တော့တာပါလား ဒီလိုနဲ့မင်းကိုလက်မလွှတ်နိုင်ရင် ဒုက္ခများရချေရဲ့ ၊ မင်းလေးက သိပ်ကိုလောဘတက်ချင်စရာကောင်းတဲ့
အဖိုးတန်လေးပဲ "

ပြောရင်းနှင့်ပင် ကိုယ့်လက်ထဲမှာရှိနေသည့်ဆံနွယ်လေးတွေအား အသာအယာနမ်းရှိုက်လိုက်မိ၏။ သင်းပျံ့သောမွှေးရနံ့ကြောင့် သူရဇ္ဇ၏ စိတ်နှလုံးသားတို့ မတည်မငြိမ်ဖြစ်သွားရတော့သည်။ စိတ်ရှိလက်ရှိကျူးကျော်လိုက်ဖို့အတွက် မဝံ့ရဲရလောက်အောင် ကြည်စင်သူလေးမို့ ကိုယ့်စိတ်ကိုသာပြန်ထိန်းနေရ၏။ အသက်ကိုပြင်းပြင်းရှုရင်း နှလုံးခုန်သံကိုပုံမှန်ဖြစ်
အောင်ကြိုးစားလိုက်ရပြန်သည်။ ထို့နောက်မှတော့ အိပ်ပျော်နေသူကို အသာအယာပွေ့ချီလိုက်ပြီး စံအိမ်တော်ဆီသို့ခေါ်ဆောင်လာခဲ့တော့သည် ။ အိပ်မောကျနေသူကတော့ နိုးလာချင်းမရှိသေးချေ။ အချိန်နာရီပေါင်းများစွာကြာပြီးသည့်နောက်


မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Where stories live. Discover now