အပိုင်း - ၁၀ ( သွေးကျိန်စာ စတင်အသက်ဝင်လာခြင်း)
" ရှင်လွန်းငယ်ကို အခုပြန်ခေါ်သွားပြိီး အချုပ်ချထားလိုက်
ငါ့အမိန့်မရဘဲဘယ်သူမှ ထမင်းဖြူတစ်ဆုပ် ရေတစ်မှုတ်မတိုင်နဲ့"နောက်ဆုံးတော့ ရှင်းလွန်းငယ်ပြုံးလိုက်မိတော့၏။
ထိုအပြုံးသည်ကပင် အရာအားလုံးကိုအနိုင်ယူနိုင်သူကဲ့သို့
ဂုဏ်ယူဝင့်ကြွားဟန်ပါနေလေတော့၏။*
*
*
*
*
*
*
*အေးစက်စက်အထိအတွေ့တို့်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မပျော်ဘဲ စိတ်ဝိဥာဉ်က ဟိုဟိုဒီဒီလွင့်ပါးသွားနေသည်
လို့ခံစားရလေသည်။ တစ်ခါတစ်ရံ ဝေဝေဝါးဝါးဖြင့်
မီးခိုးငွေ့တွေကြားပြေးလွှားနေမိ၏။ တစ်ခါတစ်ရံမှာတော့
တိမ်လိုလေလို မီးခိုးငွေ့တွေကြား ရပ်ကြည့်ငေးမောနေမိ
သည် ။ တစ်ချို့သောအချိန်များတွင်မူ ပြေးနေရင်းမှသည်
အနီရောင်မီးတောက် မီးလျှံများကိုလှမ်းမြင်တွေ့နေရသည်။
သာယာသောရယ်မောသံများနှင့်အတူ နာကြည်းစွာငိုညည်း
သံတွေကိုလည်း ကြားမိနေပြန်သည်။မြင်နေ ကြားနေရသော အရာအားလုံးသည် မည်သည့်
အခြေအနေ၊မည်သည့်ဖြစ်ရပ်များမှ စတင်လာကြောင်း
ကိုတော့မသိရှိနိုင်သေးချေ။ သေချာတာတစ်ခုကတော့
ကြည်နူးစရာမြင်ကွင်းများကို မြင်တွေ့ရသည့်အခိုက်
အတန့်တွင် စိတ်နှလုံးသားထဲအထိကြည်နူးစိတ်များ
ပျံ့နှံ့လာရသကဲ့သို့ နာကျင်ဖွယ်အခိုက်အတန့်များကြောင့်
လဲ ကိုယ်ရောစိတ်ပါနွမ်းလျပင်ပန်းဝမ်းနည်းလှ၏။အဆိုးဆုံးအခြေအနေများကို မြင်တွေ့ရခြင်းအခိုက်အတန့်
ကိုပြောပြပါဆိုလျှင်တော့ အဝေးဆီမှအော်ဟစ်သံများကြား
ကယ်ပါယူပါတစာစာ အကူအညီတောင်ခံနေသံများကို
ကြားရသည့်အချိန်ပင်ဖြစ်လေ၏။ ဘာအတွက်များ
ဘာကြောင့်များ ဒီမြင်ကွင်းတွေကို မြင်တွေ့နေရလဲ
ဆိုတာကိုနားမလည်နိုင်တော်ချေ။ နောက်ဆုံးတွင်
သားမောင်ရေဆိုသည့် အသံကျယ်ကျယ်ဖြင့် ရင်ကွဲမတက်
အော်လိုက်သည့်အသံကိုကြားလိုက်ရချိန်တွင် လူကလည်း
အိပ်နေရာမှသည် ထပြီးထိုင်လိုက်မိတော့၏။
ကျယ်လောင်စွာအော်ခေါ်လိုက်သည့် အသံထဲတွင်
နာကျင်ခံခက်ခြင်းနှင့် တစ်စုံတစ်ယောက်ကိုသိစေကြားစေ
ချင်လို့ အားကုန်ထည့်ကာအော်လိုက်သည့်အသံမျိုး
ဖြစ်ဟန်တူလေသည်။
YOU ARE READING
မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023