အပိုင်း - ၁၁ (ချစ်ခြင်းရယ်တူ)
ပုစဉ်းရင်ကွဲတို့၏ အော်မြည်သံမှလွဲ၍ ခြောက်ခြားစရာကောင်းရလောက်အောင် တိတ်ဆိတ်နေသည့်စိမ့်မဟာမြိုင်တောအုပ်အတွင်း လရောင်ကို ထိတ်လန့်စွာငေးကြည့်နေသူတစ်ဦးရှိလေသည်။
" သွေးကျိန်စာ အသက်ဝင်ခဲ့ပါပြီတကား "
တစ်ဦးတည်း တီးတိုးစွာရေရွတ်မိသည့်စကား ။
တီးတိုးစကားသံအဆုံးတွင် စိမ့်မဟာမြိုင်တော့အတွင်း နေရာအနှံ့မှသည် ကြောက်မက်ဖွယ်ရာအသံမျိုးစုံထွက်ပေါ်လာရတော့၏။ ထိုအခိုက်မှာပင် လကိုသွေးရောင်တို့က ဖုံးလွှမ်းသွားလေတော့သည်။
*
*
*
*
*
*
*
*စိမ်းလန်းလှသည့် နေရာတစ်ခု။ မင်းနေပြည်တော်ရှိသည့် မြို့တော်အရပ်ဒေသပုံစံမျိုးမဟုတ်ဘဲ စည်ကားလှသည့် မြို့တော်ငယ်တစ်ခုပုံစံမျိုးနှင့် ပို၍ဆင်တူသည် ။
ထိုအရပ်ဒေသ၏ ကျယ်ဝန်းလှသည့်ခြံကြီးတစ်ခြံထဲတွင် အနုပညာလက်ရာမြောက်လွန်းသောပုံစံမျိုးဖြင့် ဆောက်ထားသည့် အိမ်ကြီးအိမ်ကောင်းများရှိနေလေ၏။ ခြံတစ်ခြံထဲတွင်အိမ် လေးလုံးမျှရှိနေသောကြောင့် အသပြာဥစ္စကြွယ်ဝချမ်းသာသော မျိုးရိုးမြင့်မိသားစုဝင်များနေထိုင်သည့်နေရာဆိုတာ
ယုံမှားသံသယရှိနေစရာမလိုချေ။ထို့ပြင် ခြံဝန်းအတွင်းရှိအိမ်များသည် ပုံစံတူများဖြစ်နေသောကြောင့် မိဘတစ်ဦးတည်းမှမွေးဖွားလာသော မိသားစုဝင်များ စုစည်းနေထိုင်ကျသည့် ပုံစံပင်ဖြစ်လေ၏။
ခြံဝန်းအတွင်းရှိကွက်ပျစ်ပေါ်တွင် အသက်ခြောက်ဆယ်ကျော်အရွယ် လူကြီးတစ်ဦးက ကွမ်းမြုံ့ရင်းထိုင်နေလေသည်။ထိုလူကြီး၏ ဘေးနားတွင်မူ သူ၏ဇနီးသည်ဖြစ်ဟန်တူသူကတော့ လက်ဖက်အုပ်လေးကိုအရှေ့မှာချထားရင်း
ထိုင်နေလေ၏။ ခြံထဲတွင်လည်း ရေခတ်သူကခတ်။
ထင်းပေါက်သူကပေါက်။ တစ်ချက်တစ်ချက် လှေအဝှေ့တွင်တစ်ဦးနှင့်တစ်ဦး စနောက်နေသည့်အသံများနှင့်အတူရယ်သံချိုချိုများကိုကြားနေခဲ့ရလေသည်။ ထိုကြည်နူးစရာမြင်ကွင်းကပင်
ရှင်လွန်းငယ်၏စိတ်နှလုံးသားကိုများစွာထိခိုက်ကြွေကွဲနေစေပြန်၏။ ဘာကြောင့်များ
အဘယ်သို့ဖြစ်နေရအံ့နည်း။
YOU ARE READING
မခူးဝံ့သည့်ပန်း ( မခူးဝံ႔သည့္ပန္း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023