အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း ၁၀ ( Uni)

1.5K 126 11
                                    

အပိုင်း - ၂၄ ( အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း)



" အ အရှင်"

" တောက် !!"

အကိုတော်နန္ဒဆီမှ တောက်ခေါက်သံနှင့်အတူ အကိုတော် သူရိယ၏အကြည့်စူးစူးတို့ ရှင်လွန်းငယ်ဆီကျရောက်လာ၏။
ထို့နောက်မှတော့ စံအိမ်တော်ထဲကထွက်ခွာသွားတော့သည်။

*
*
*
*
*
*
*
*

" နုငယ်ကြည်လင်လှသည့်မျက်နှာလေးသည် ပြင်ထန်စွာထိခိုက်ထားမိသည့်အရှိန်ကြောင့် ညိုမည်းစွဲကာပင်နေလေပြီ။
သွေးနီရဲတို့သည်လဲ ပါးစပ်နှင့်နှာခေါင်းတွင်းမှသာမက နားထဲကပင်စီးကျနေလေပြီ ။ ယောင်ကိုင်းနေပြီဖြစ်သောမျက်နှာကြောင့်မျက်လုံးပေါက်တို့ပင်ပျောက်ကွယ်လုနီးပါး ။ပိုးပဝါစကိုရေနွေးနွေးလေးစွတ်ပြီး မျက်နှာကိုသန့်ရှင့်ရေးလုပ်ပေးနေမိသည့်အခိုက်အတန့်တွင် သူရဇ္ဇ၏အတွင်းစိတ်နှလုံးသားထဲ နာကျင်မှုနှင့်ဒေါသတရားတို့က ယှဉ်တွဲဖြစ်တည်နေရ၏ ။

" အကိုတော်တွေက ကောင်းကောင်းမွန်မွန် ပြန်လိုက်ဖို့ခေါ်ပေမဲ့ ကျွန်တော်မျိုးကအရှင်ပြန်လာမှ စံအိမ်တော်ကိုပြန်လာဖို့်
ပြောမိလို့ နှစ်ယောက်စလုံးဒေါသထွက်သွားတာပါ ၊ သက္ကစံအိမ်မှာ အဖရောအမိပါ အများကြီးစိတ်ထိခိုက်နေကျတယ်တဲ့၊
အမိဆို သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့အထိလုပ်တယ်ထင်ပါရဲ့ ၊ မိဘတွေရဲ့ နာကျင်မှုတွေကိုမျက်မြင်ကြုံထားရတဲ့
အကိုတော်တွေအနေနဲ့ ကျွန်တော်မျိုးကိုစိတ်တိုဒေါသထွက် တာက ဖြစ်သင့်တာပဲမဟုတ်လား ၊ အဲဒါကြောင့် အရှင်က
ကျွန်တော်မျိုးရဲ့မိသားစုအပေါ်နားလည်ပေးရင် ကောင်းမှာပဲ "

ဒဏ်ရာတွေနဲ့ နာကျင်နေသူဆီကနေ စကားသံခပ်တိုးတိုးကို
ကြားရပြန်တော့လဲ ဒီလူသားလေးအပေါ် ဂရုဏာစိတ်လေးဝင်လာရပြန်သည်။ ကိုယ့်ကိုရွေးချယ်လိုက်နဲ့အတွက် သူခမျာလူရောစိတ်ပါနာကျင်ခဲ့ရရှာလေပြီ ။

" အရမ်းနာကျင်နေလေသလား "

နှုတ်ခမ်းထက်ကဒဏ်ရာကို လက်နဲ့အသာဖွဖွထိရင်းဆိုမိပြန်တော့ အပြုံးနွမ်းနွမ်းလေးနဲ့ခေါင်းခါပြလာသည်။

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Where stories live. Discover now