အပိုင်း - ၂၁ ( အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း)
" ဒါက ဘယ်လိုမြင်ကွင်းမျိုးလဲရှင်လွန်းငယ်!!!"
ကျယ်လောင်စူးရှသောအသံတစ်ခု သက္ကစံအိမ်၏ခြံဝန်းအတွင်း
ပျံ့နှံ့သွားလေတော့သည်။*
*
*
*
*
*
*
*ကြားလိုက်ရသည့်အသံကြောင့် အရှင့်လက်အတွင်းရှိနေသော
ကိုယ့်လက်ကိုအမြန်ပင်ပြန်ရုတ်သိမ်းလိုက်မိ၏ ။ နောက်ပါးကို
လှည့်ကြည့်မိတော့ အကိုသီဟနန္ဒပင်ဖြစ်လေသည်။
စိတ်မလိုမကျတာထက်ကိုကျော်လွန်နေသည့် အကိုသီဟနန္ဒ၏
မျက်နှာသည်ဒေါသကြောင့် နီရဲကာပင်နေလေပြီ ။" အကိုမေးနေတယ်လေ ရှင်လွန်းငယ် ၊ ဒါက ဘယ်လိုမြင်ကွင်းမျိုးလဲ ၊ စံအိမ်တော်အတွင်းမှာ နေခိုင်းထားတာမဟုတ်ချေဘူးလား "
" ဟို ဟို အပြင်က အပြင်က "
အကိုရဲ့ဒေါသကိုမြင်ရသည့် ရှင်လွန်းငယ်မှာတော့ စကားပင်
သေချာမပြောနိုင်တော့ချေ။" ရှင်လွန်းငယ်က အပြင်ကနစ်နာသူကို ထွက်ကြည့်တာပါ ၊
ဒီမှာ ကိုယ်တော်နဲ့ဆုံပြီး သူ့ကိုသွားမကြည့်ဖို့ နားချနေတာ "အကိုဖြစ်သူရှေ့မှာ ကြောက်ရွံ့ပြီးစကားပင်ပြောမထွက်တော့
သော ချစ်ရသူကို သနားစိတ်ဝင်ကာ သူရဇ္ဇကပင် ကြားထဲကနေဖြေပေးလိုက်မိတော့၏ ။ သီဟနန္ဒ၏မျက်နှာကတော့
ပိုမိုပြီးတင်းလာကာ" အားနာမိပါတယ်အရှင် ၊ ဒါက ကျွန်တော်မျိုးတို့ရဲ့မိသားစုကိစ္စမို့ အရှင် ဝင်မပါဖို့တောင်းဆိုပါရစေ "
ချစ်ရသူ၏မိသားစုဝင်ဆိုသည့်အသိဖြင့် ဒေါသတို့ကိုထိန်းချုပ်ထားရသော သူရဇ္ဇ၏အမူအရာသည်လဲ ချက်ချင်းပင်ခက်ထန်လာရကာ
" မောင်မင်းက ကိုယ်တော်ဘယ်သူဆိုတာ မေ့နေတာများလား "
သီဟနန္ဒကလဲ ခေသူမဟုတ်လေသောကြောင့် အမေးစကားကို ချက်ချင်းပင်တုန့်ပြန်လာ၏ ။
" စိမ့်မဟာမြိုင်ရဲ့မြို့ဝန်ကို ကျွန်တော်မျိုး ဘယ်မေ့ရဲပါ့မလဲ
အခုဟာက သက္ကစံအိမ်တော်မှ စိတ်ပျက်စရာ စိတ်မကောင်းစရာအခြေအနေတွေကြုံတွေ့နေရတာပါ ၊ ဒီအချိန်မှာ မကောင်းတဲ့မြင်ကွင်းတွေကို ဒိီကလေးကိုမမြင်စေချင်လို့ စံအိမ်ထဲမှာနေဖို့မှာခဲ့ပြီးသားပါ ၊ အကြီးတစ်ယောက်ရဲ့စကားကို
မနာခံတဲ့အငယ်ကိုဆုံးမရမှာ ကျွန်တော်မျိုးတာဝန်ပါ ၊
ဘယ်သူစိမ်းတစ်ယောက်မှ ဝင်ပါစရာမလိုတဲ့ မိသားစုအရေးကိစ္စပါ ၊ ကဲ ရှင်လွန်းငယ် စံအိမ်ထဲဝင်နေပေတော့ "
YOU ARE READING
မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023