အပိုင်း - ၁၄
" ကိုယ်ပြုသည့်ကံက ကိုယ်ထံပြန်လာလာမှာပါဘဲ၊
မယုံဘူးဆို အရှင် အခုချိန်ခါ အမြင့်တစ်နေရာကနေခုန်ချကြည့်လိုက် ၊ ရလာမယ့် ကျိုးပဲ့ထိခိုက်အနာတရတွေကို အရှင် ကိုယ်တိုင်ပဲခံစားရမှာပါ ၊ ဘယ်နတ်ဘုရားကမှ လာဝင်မခံပေးပါဘူး "ထင်ငါမြင်သာရှိလှသည့် ဥပမာတစ်ခုကပင် သူရဇ္ဇ၏စိတ်နှလုံးသားထဲ တွေဝေခြင်းနှင့် ဒွိဟဖြစ်သွားရစေခြင်းဟူသောခံစားချက်ကြီး ဝင်ရောက်လာရတော့၏။
" ကိုယ့်ရဲ့ ကိုးကွယ်မှုဟာ တကယ်ပင်မှားယွင်းနေခဲ့တာမျိုးလား "
*
*
*
*
*
*
*
*ထိုနေ့ညက စိမ့်မဟာမြိုင်တောကြီးထဲက ဂူကြီးတတစ်ဂူထဲတွင် လူသုံးယောက်က အတိတ်ကိုပြန်တူးဆွနေကြသည်။ ထို့နည်းတူ မောရိယတိုင်းပြည်၏ တော်ဝင်နန်းဆောင်ထက် အိပ်ခန်းကျယ်ထဲတွင် အိပ်စက်နေသောလူသားနှစ်ဦးသည်လည်း တူညီသောအိမ်မက်တစ်ခုကပြ မြင်မက်နေလေပြီ ။ လောကတစ်ခွင်ကိုအလင်းဆောင်နသော စန္ဒလမင်းကတော့ သွေးရောင်တို့၏ခြုံလွှမ်းခြင်းကို ခံလိုက်ရသောကြောင့် သြကသလောကကြီးတစ်ခုလုံးတွင်တော့ အနီရောင်ခြုံလွှမ်းခံလိုက်ရပြန်တော့၏။ ထို့သို့သောအချိန်တွင် လူသားအားလုံးက
တိတ်ဆိတ်စွာငြိမ်သက်နေရင်း ကြောက်ရွံစိတ်တွေကိုခံစားနေရသည်။ တိရစ္ဆာန်လေးများအားလုံးသည်လဲ ထိုနေ့ညတွင်
ငြိမ်သက်စွာ ပုန်းအောင်နေကျလေတော့၏။( အတိတ်သို့ ပြန်လည်မှတ်မိခြင်း)
စိမ့်မဟာမြိုင်မြို့တော် ။ မြို့တော်ဆိုပေသော်ငြား မင်းနေပြည်တော်ရုံးစိုက်ရာနေရာတော့မဟုတ်ချေ။ ရွှေမြို့တော်နှင့်အလှမ်းဝေးလွန်းသည့် မြို့ငယ်တစ်ခုသာဖြစ်သည်။
ဘုရင်နန်းစိုက်ရာ ရွှေမြို့တော်၏ အာဏာစက်အလှမ်းဝေးကွာလွန်းသည့်နေရာပင်ဖြစ်လင့်သော်လဲ မငြိမ်းချမ်းမှုများအလျင်းမရှိ။ ဆန်ရေစပါးသစ်သီးဝလံပေါများကာ မြို့တော်နေပြည်သူများသည်လည်း အေးချမ်းစွာနေထိုင်တတ်သူများ ဖြစ်လေသည်။ ထိုမြို့တွင် နာမည်ကြီးသူဌေးသူကြွယ် ကုန်သည်များစွာရှိသော်လဲ ထိုသူတွေများစွာထက် သြဇာကြီးမားသောသူကြွယ်ကြီးတစ်ဦးရှိခဲ့သည်။ သူ့အမည်က ဦးသက္က။ သူကြွယ်ကြီးဦးသက္ကသည် ကုန်သည်သူကြွယ်မျိုးရိုးဖြစ်ပြီး ဇနီးဖြစ်သူ
သဒ်ဒါဝိကာမှာလဲ စိတ်သဘောထားဖြူစင်နူးညံ့သူဖြစ်သည်။
CITEȘTI
မခူးဝံ့သည့်ပန်း ( မခူးဝံ႔သည့္ပန္း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023