ရှင်လွန်းငယ်တဲ့လေ( Uni )

2.8K 201 11
                                    

အပိုင်း - ၆

အတိတ်ကာလတစ်ခုတွင်လတစ်စုံတစ်ယောက်ကတစ်စုံတစ်ဦးအား ဤသို့ဤပုံ ငေးမောကြည့်နေခဲ့ဘူးလေ၏။ မသိနိုင်ခဲ့သောအတိတ်တို့သည် ကြည်နူးခြင်းနှင့်ငိုကြွေးရခြင်းတို့ကြား လှပစွာတည်ရှိခဲ့ဖူးလေသည်။


*
*
*
*
*
*
*
*


အမြဲတစ်စေ တိတ်ဆိတ်နေတတ်သည့်ဥယျာဉ်ငယ်အတွင်းရီသံသဲ့သဲ့လေးနှင့် စကားပြောသံတစ်ချို့ကို မသဲမကွဲကြားလိုက်မိ၏ ။ နားကြားများလွဲလေသလားအထင်နှင့်အာရုံစိုက်ပြီးနားထောင်ကြည့်တော့ ကြည်ကြည်လင်လင်စကားပြောသံလေးကိုကြားနေရသည် ။ ထူးဆန်းပေစွ။

ခြေသံကိုအသာအယာဖွပြီး အသံလာရာဘက်ကိုသွားကြည့်လိုက်မိတော့ စိမ်းမြမြမြက်ခင်းပြင်ထက်တွင် တင်ပျဉ်ခွေထိုင်းရင်း လက်ဖဝါးလေးပေါ်မှာ ငှက်လေးကိုတင်ထားသည့်လူသားလေးအား ဘေးတိုက်အနေအထားဖြင့် တွေ့မြင်လိုက်
ရတော့သည်။ မြစိမ်းရောင်မြက်ခင်းကော်ဇောထက်အဖြူရောင်ဝတ်စုံလေးဖြင့်ထိုင်နေပုံက သက်ရှိအလှနတ်ဘုရားလေးတစ်ပါးလားဟုပင် ထင်မှတ်မှားမိစေပြန်၏ ။

" မင်းရဲ့အတောင်တွေက နာနေတယ်မဟုတ်လား
အဲဒါကြောင့် ပျံလို့်မရသေးတာလေ ၊ အတင်းပျံနေရင်မင်းပိုပင်ပန်းမှာပေါ့ အဲတော့ငါ့စကားကိုသာနားထောင်စမ်းပါ ၊ ဒီနေ့ ငါ့ဆီကိုတော်ဝင်သမားတော်ကြီးလာတဲ့အခါကျရင် မင်းကိုပါဆေးကုခိုင်းပေးမယ်လေ ၊ အဲလိုဆေးကုပြီးရင် မင်းသွားချင်တဲ့နေရာကိုသာသွား ငါမတားဘူး အခုတော့ငြိမ်ငြိမ်လေးနေနော် "

ငှက်ငယ်လေးကို လူတစ်ယောက်အလား သဘောထားပြီးစကားပြောနေပုံက မြင်ရသူ၏စိတ်နှလုံးကိုအေးချမ်းစေတာမို့
သူရဇ္ဇလည်း အသံမပေးဘဲ ငြိမ်ပြီးရပ်နေမိ၏ ။ ဒါကိုမသိလေသော လူသားလေးကတော့ သူ့လက်ထဲကနေပျံနိုင်ဖို့ကြိုးစားနေသောငှက်ငယ်လေးကိုသာ အာရုံထဲမှာရှိနေလေသည် ။

အတောင်မှာရှိနေသည့် ဒဏ်ရာကပြင်းထန်ပုံရသောထိုငှက်လေးက အဝေးကိုပျံနိုင်ဖို့အသာထားလို့။သူ့ကိုတင်ထားသည့် လက်ဖဝါးထဲမှာပင် သိပ်ပြီးမလှုပ်ရှားနိုင်ပေ။

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Où les histoires vivent. Découvrez maintenant