ငေးကြည့်ရခြင်းတွင် ပျော်မွေ့ခြင်း ( Uni)

3K 220 14
                                    

အပိုင်း - ၅ ( ငေးကြည့်ရခြင်းတွင် ပျော်မွေ့ခြင်း)



" ဒီလောက်လှတဲ့ မင်းလေးက လူသားစင်စစ်တောင်
ဟုတ်ရဲ့လားကွယ် "

နှုတ်ထွက်စကားကပင် နူးညံ့နေမိတော့၏ ။
ကိုယ့်ရဲ့ပထမဆုံးနူးညံ့ခြင်းက မင်းလေးနဲ့မှစတင်တာ ။


*
*
*
*
*
*
*
*

ကိုယ့်ကိုမော့ကြည့်နေရင်းမှသည် နောက်သို့ခြေတစ်လှမ်း
နောက်ဆုတ်သွားပြန်လေ၏ ။ ဒီနေရာမှာ ဒီလိုအပြု
အမူမျိုးကိုပြုလုပ်မိသူက အခြားသူတစ်ဦးတစ်ယောက်
သာဆိုလျှင် ထိုလူ၏အသက်နဲ့ခန္ဓာမြဲဖို့ ဘယ်လိုမှပင်
မဖြစ်နိုင်ချေ ။ ဒီလူသားအပေါ်မှာတော့ ဒေါသထွက်ခြင်း
အလျင်းမရှိဘဲ သဘောကျမိသည့်စိတ်သာ တိုးပြီးရင်း
တိုးလာတော့လေသည်။

" ကိုယ်တော်က ကြောက်စရာကောင်းနေလွန်းတယ်
ထင်ပ ၊ မင်းလေးက တအားကြောက်ပြနေတော့
နေရခက်လိုက်ပါဘိကွယ် "

" အဲ အဲလိုသဘောမျိုးမဟုတ် "

" မောရိယသူရဇ္ဇတဲ့ "

သူ့စကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့စကားကြောင့်
နားမလည်သလိုမျက်ဝန်းတွေနှင့် ငေးကြည့်လာ၏ ။
ပြုံးတယ်ရယ်တယ်ဆိုတာ ကိုယ့်ဘဝသက်တန်းတစ်ဝက်
လောက်ထဲက မလုပ်တော့သည်အရာတွေမို့ အခုချိန်မှာ
ဘယ်လိုပြုံးပြရမလဲဆိုတာ မေ့ပင်နေလေပြီ ။
သို့ပေမဲ့ ကြိုးစားပြုံးပြလိုက်မိရင်း

" ကိုယ်တော့်အမည်က မောရိယသူရဇ္ဇတဲ့ ၊ ဒီမောရိယ
တိုင်းပြည်ရဲ့ရေမြေ့သခင်ပဲ "

ဒီစကားကိုပြောလိုက်သည့်ခဏအတွင်း မျက်ဝန်းပြာ
တွေက လဲ့ခနဲဖြစ်သွားကာ နားမလည်ခြင်းအရိပ်
အယောင်တွေဖြတ်ပြေးသွားလေ၏ ။မဟုတ်မှလွဲရော
မောရိယတိုင်းပြည်ဆိုတာကို မသိတာတော့မဖြစ်နိုင်ဘူး
မဟုတ်လား ။

" မော မောရိတဲ့လား ၊ ဒါ ဒါက ဘယ် ဘယ်လို
နေရာမျိုးလဲ "

ကြားလိုက်ရသည့်စကားကြောင့် သူရဇ္ဇကိုယ်တိုင်ပင်
အတွေးများနှင့်ရှုပ်ထွေးသွားရ၏ ။

" မင်းလေးက ဘယ်အရပ်ကနေလာတာလဲ ၊
တိုင်းတစ်ပါးကနေလာတာမျိုးတော့ မဟုတ်ဘူးထင်ပ၊
တကယ်ပဲ မောရိယတိုင်းပြည်ကို မသိရော့လေသလား"

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Opowieści tętniące życiem. Odkryj je teraz