အပိုင်း - ၇
" လှလိုက်တဲ့အမည်လေး ၊ အရမ်းကိုလှလွန်းတဲ့နာမည်
လေး ၊ လှလွန်းတဲ့အမည်လေးနဲ့ လှပလွန်းတဲ့မင်းလေးက
လိုက်ဖက်လွန်းလှလေတယ်ကွယ်"*
*
*
*
*
*
*" ငါတို့ အခုစိမ့်မဟာမြိုင်ထဲကိုစပြီးဝင်နေပြီ ၊
အရာရာတိုင်းကိုသံသယမျက်စိနဲ့ကြည့်ပြီးမှ သတိမပြတ်
ထားဖို့်လိုတယ် ၊ ဒီတောရဲ့သဘာဝက ကြောက်တဲ့
သူကိုပိုပြီးချောက်တယ်တဲ့၊ အဲတော့မြင်သမျှကို
အရမ်းကြောက်ပြနေစရာလဲမလိုပေဘူး ၊ သတိလက်လွတ်
မဖြစ်အောင်ထိန်းရင်းနဲ့ ငါတို့ရှာစရာရှိနေတဲ့လူကို
တွေ့အောင်ရှာကျမယ် ၊သူတောင်မှ ဒီစိမ့်မဟာမြိုင်မှာ
တစ်ကိုယ်တည်း အသက်ရှင်နေထိုင်နိုင်သေးတာပဲ၊
ငါတို့လည်း အသက်ရှင်ရက်ဘာလို့ပြန်ထွက်မလာနိုင်ရမှာလဲ"သူရိယက နဒ္ဒနှင့်အတူနောက်လိုက်တစ်ချို့ကိုသတိပေး
စကားဆိုလိုက်သည်။နောက်လိုက်တစ်ချို့ဆိုသည့်အတိုင်း
တကယ်ပင် ဆယ်ယောက်မပြည့်ချေ။ မင်းပြစ်မင်းဒဏ်သင့်
မင်းသားတစ်ပါးအနေဖြင့် သိမ်ငယ်လွန်းရသည့်
အခိုက်အတန့်တွေပင်ဖြစ်လေတော့၏ ။မျက်စိရှေ့မှာ
မြင်နေရသည့်တောအုပ်ကိုစူးစိုက်ကြည့်ရင်း လက်သီးကို
ကျစ်နေအောင်ဆုပ်လိုက်သည်သည်။နှုတ်ကနေဖွင့်ဟလာခြင်း
မရှိသည့်စကားသံတို့က ရင်ဘက်ထဲမှာတော့ပဲ့တင်မြည်ဟည်း
နေလေတော့သည်။* မင်းရဲ့ မှေးမှိန်နေရတဲ့အကုသိုလ်ကံတရားကို
ငါကအရောင်တင်ပေးမှာမို့ အခုချိန်မှာပျော်နေလိုက်ပါ
သူရဇ္ဇ၊ ဒီဇာတ်လမ်းဆုံးတဲ့တစ်နေ့ မောင်မင်းမမျှော်
လင့််တာတွေကိုကြုံလာရတဲ့အချိန် အဲဒီနေ့က
မောင်မင်းရဲ့ ဒီဘဝဒီခန္ဓာကိုယ်ကိုစွန့်ရတဲ့တစ်နေ့ပဲ၊
အသင်က ကျွန်ုပ်ရဲ့ညီတော်မဟုတ်ခဲ့ချေဘူး ၊
ဖခမည်းတော်ရဲ့သွေးပင်ဖြစ်လင့်ကစား ကျွန်ုပ်၏
ရန်သူတော်ပါဘဲ၊ အဆုံးသတ်က ဘယ်လိုပုံစံနဲ့
ဇာတ်သိမ်းမလဲ မြင်တွေ့ချင်လွန်းလှပါဘိလေ*စိတ်ကူးဖြင့်ပြောမိသည့်စကားတို့ကပင် သူရိယ၏
သွေးသားတို့ကိုဆူပွတ်စေတော့၏။မိခင်အတွက်၊
သွေးမျက်ရည်အပြည့်ဖြစ်ခဲ့ရသောနန်းတွင်က
အမှုထမ်းတွေအတွက်၊ နောက်ပြီးကြောက်ရွံ့စွာငိုကြွေး
ခဲ့ရသည့်ပြည်သူတွေအတွက် မတရားမှုတို့ကို
အပြီးတိုင်လက်တုန့်ပြန်နိုင်ဖို့အတွက် အဘယ်သို့သော
နတ်ဘုရားတို့၏ ကူညီစောင်မမှုမျိုးလိုအပ်ပါသနည်းဟုသာ
မေးမြန်းချင်မိတော့၏ ။
YOU ARE READING
မခူးဝံ့သည့်ပန်း ( မခူးဝံ႔သည့္ပန္း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023