အပိုင်း - ၁၅ ( အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း)
" ဒီလောက်တောင်မှ မတွေ့ချင်လဲနေတော့ပ၊ ချောင်းမနေတော့ဘူး ပြန်တော့မယ် ဗိုက်ဆာလာပြီ "
တစ်ယောက်ထဲမကျေမချမ်းနဲ့ တီးတိုးရေရွတ်ရင်း အိပ်ပြန်ဖို့အတွက် နောက်ကိုရုတ်တရက်လှည့်လိုက်သည့်အခါ
" အောင်မလေး လန့်လိုက်တာပ! !"
*
*
*
*
*
*
*
*နောက်ပါးထံမှသည် မမျှော်လင့်ထားသည့်လူတစ်ယောက်
ကို တွေ့လိုက်ရသည့်အတွက် ရှင်လွန်းငယ်အတော်ပင်လန့် သွားရလေ၏။ ရုတ်တရက်ဆိုသလို အနောက်ကိုပြန်လှည့်ကြည့်လိုက်သည့်အခါတွင် တစ်ယောက်သောသူ၏ ရင်ခွင်ကျယ်ကြီးထဲသို့ မျက်နှာအပ်မိရက်သားဖြစ်သွားရပြန်သည်။" ဘယ်သူကို ချောင်းနေတာတုန်း "
ကိုယ့်ပခုံးတသ်ဖက်ကို သူ့လက်ဖြင့်အသာဖိထားရင်း မေးလာသည့်စကား။
" ခပ်မာမာအသံက ရှင်းလွန်းငယ်ကိုကြောက်ရွံ့စိတ်မဖြစ်စေပဲ
သဘောကျမိသည့်စိတ်ကိုသာဖြစ်စေသည်။ ထွားကြိုင်းလှသည့်ခန္ဓာကိုယ်ကြီးနှင့် မြင့်မားသည့်အရပ်ကြီးရှိသည့် ထိုလူသည် အသံသြဇာနှင့်လဲပြည့်စုံလှသည်။ ရှင်လွန်းငယ်ကတော့ ဘာစကားမှပြန်မဖြေသေးဘဲ ထိုလူကိုမော့ကြည့်လိုက်မိသည့်အခါ" မေးနေတာကိုမဖြေဘူးလား ၊ မြိုဝန်ရဲ့စံအိမ်တော်ကို အပြင်ကနေလာချောင်းနေတယ်ဆိုထဲက မောင်မင်းမှာ အကြံအစည်တစ်ခုခုတော့ရှိမှာသေချာတယ် ၊ မောင်မင်းဘာတွေများကြံစည်နေလဲ ပြောစမ်း "
ရှင်လွန်းငယ်ကတော့ ဒီတစ်ကြိမ်တွင် ကိုယ့်ကို အမိန့်သံတွေနဲ့လာမေးနေသည့်လူကို မျက်မှောင်ကျုံ့ပြီးကြည့်လိုက်မိတော့သည်။ လူကိုစစ်လားဆေးလားနဲ့ သူကဘယ်သူတုန်း။ရုပ်ရည် ကချောသလောက် ပါးစပ်ကကြမ်းတမ်းပါ့။ ကိုယ့်ဘာသာဘာလာလုပ်လုပ်ပေါ့။သူနဲ့ ဘာဆိုင်တာကျနေတာပဲ။
" ဒီမောင်ရင် ကျုပ်မေးနေတာကိုမဖြေသေးဘူးလား ၊ မေးတာကိုမဖြေရင် အချုပ်ချပြီးမှ ထပ်မေးရလေမလား "
YOU ARE READING
မခူးဝံ့သည့်ပန်း ( မခူးဝံ႔သည့္ပန္း ) Completed
Fanfictionဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! Steat Date - 24.5.2023 End Date - 23.9.2023