အတိတ်တွင် ဆုံတွေ့ခဲ့ရခြင်း ၅ ( Uni)

1.4K 116 7
                                    

အပိုင်း - ၁၉

" ရှင်လွန်းငယ်ဆိုတဲ့မင်းလေးက ကိုယ့်အပိုင်ပဲ ၊ မင်းကိုပိုင်ဆိုင်ဖို့ကြိုးစားတာကို ကန့်ကွက်တဲ့သူတွေရှိလာရင်လဲ
ကိုယ်ကတော့ နောက်ဆုပ်သွားမှာမဟုတ်ချေဘူး ၊ မင်းအတွက်ဆို ကိုယ်မလုပ်ရဲတာဘာမှအရှိဘူးရှင်လွန်းငယ်လေးရယ်၊
ဒါကိုမင်းသိရင်ကောင်းမယ် "

*
*
*
*
*
*
*
*

အချိန်အားဖြင့် တစ်ရာသီကျော်လွန်ခဲ့လေပြီ ။
စိမ့်မဟာမြိုင်တွင် မြို့ဝန်သူရဇ္ဇရောက်ရှိပြီးသည့်နောက်တွင်
ပြောင်းလဲမှုများစွာကြုံခဲ့ရလေသည်။ ယခင်ကအတော်ပင်အေးချမ်းခဲ့လေသော စိမ့်မဟာမြိုင်သည် ယခုတွင်မူမြို့ဝန်မင်းအသစ်၏ဦးဆောင်မှုဖြင့် ယဇ်ပူဇော်ပွဲများကို မကြာခဏကျင်းပကျလေသည်။

သူဌေးမင်းဦးသက္ကသည် အချိန်အတိုင်းအတာတစ်ခုအတွင်း
မြို့ဝန်မင်းနှင့် ရင်းနှီးမှအတော်ရခဲ့ပြီဖြစ်သော်လဲ အရည်ကြီးအယူဝါဒကိုတော့နှစ်မြို့ခြင်းမရှိချေ။ ပင်ကိုယ်က အေးချမ်းစွာနေတတ်သည့်မိသားစုမို့် တိရစ္ဆာန်များကိုညှင်းဆဲသတ်ဖြတ်နေသည့် ထိုယဇ်ပူဇော်ပွဲများကိုမလိုမရှိချေ ။ သိုပေမဲ့
မြို့ဝန်မင်းအားလွန်ဆန်ခြင်းငှါ မဖြစ်နိုင်သောကြောင့် အလိုက်သင့်သာ နေရလေတော့သည်။ ဦးသက္က၏မိသားစုသည် ဘာသာမဲ့များဖြစ်သော်လဲ အရည်ကြီးအယူဝါဒကိုတော့ လုံးဝပင် ယုံကြည်သက်ဝင်ခြင်းမရှိချေ။

ဦးသက္က၏သားသုံးယောက်တွင် သားကြီးနှင့်သားလတ်က
မြို့ဝန်မင်းအသစ်ကိုမနှစ်မျို့ကြောင်း မိသားစုအတွင်းမှာဖွင့်ဟပြောကြားထားပြီး သူတို့ကိုယ်တိုင်ကလဲ မြို့ဝန်မင်းအား
မလွှဲမရှောင်သာအချိန်မျိုး၌သာ စကားစမြည်းပြောဆိုကျသည်။
ထို့ကြောင့်ပဲ သက္ကစံအိမ်တော်မှ မြို့ဝန်မင်းနှင့်ပတ်သက်စရာ
ကိစ္စများပေါ်လာသည့်အခါတိုင်း ရှင်လွန်းငယ်ကိုသာစေခိုင်းခြင်းပြုရလေတော့၏ ။

" ကျွီ! !".

ခပ်တိုးတိုးလေးကြားလိုက်ရသည့် အခန်းတံခါးဖွင့်သံပင်ဖြစ်သည်။ ရှင်လွန်းငယ်သည် ပွင့်သွားသောအခန်းတံခါးမှတစ်ဆင့် အခန်းတွင်းသို့ခေါင်းလေးဝင်ကာ ချောင်းကြည့်မိ၏။

မခူးဝံ့သည့်ပန်း ( မခူးဝံ့သည့်ပန်း ) Completed Tempat cerita menjadi hidup. Temukan sekarang