ကိုယ့်ဆီဦးတည်၍ ချိုးကွေ့သွားသော နှုတ်ခမ်းလေးအကြောင်း
"ဝန်ယောင်းကို မချစ်မိစေနဲ့ ယူဂျင်း
သူက အကျင့်ကောင်းတဲ့သူ မဟုတ်ဘူး
သူများကို မျက်ရည်ကျစေတဲ့သူမျိုး"CEO စကားကြောင့် ယူဂျင်းအံ့သြသွားရတယ်။
ဒါက ညီမကိုသိပ်ချစ်လွန်းသူ အစ်မတစ်ယောက်ပြောတဲ့ စကားတဲ့လား.....အစီအရင်ခံစာတင်ပြီး ပြန်တော့မလို့လုပ်နေတဲ့ ယူဂျင်းကို CEOက အဆုံးမရှိ အစမရှိအဲ့လိုကြီးပြောလာတာ.....
အဲ့ဒီ့တုန်းက ဝန်ယောင်းအလုပ်စဝင်တဲ့အချိန်....
သူ ယူဂျင်းကိုကြိုက်နေမှန်း ကုမ္ပဏီတစ်ခုလုံးသိသွားတဲ့အချိန်ပေါ့.....
ယူဂျင်းက မျက်နာပူနေပေမယ့် သူတို့ညီအစ်မနှစ်ယောက်က နဲနဲလေးတောင် အမူအရာမပျက်....."ညီမလေးက ဌာနမှူးဂျူနိုနဲ့တွဲနေမှန်း အစ်မသိပါတယ်
ဒါပေမယ့် ဝန်ယောင်းက သူတကယ်ရချင်ပြီဆို ဘယ်သူတားတား မရရအောင်ယူမှာ
မရခဲ့တာလဲ မရှိဘူး"ကျွန်မကိုတော့ သူ မရနိုင်ပါဘူးလို့ ယူဂျင်းစိတ်ထဲမှာပဲတိုးတိုးလေးပြောမိခဲ့တယ်။
တစ်ခါတစ်လေ ကိုယ်ကနိုင်နေတယ်ထင်ပေမယ့် ရှုံးနေတာမျိုးတွေရှိတယ်။
ဖဲကစားသလိုမျိုးပေါ့။
ကိုယ်လက်ထဲဘယ်လောက်ကောင်းတဲ့ ဖဲချပ်ပဲရှိရှိ တစ်ဖက်လူက ရိပ်မိရင်တစ်ပန်းရှုံးတယ်လေ.....
အဲ့ဒီ့သဘောတရားကို ယူဂျင်းသိဖို့ နှစ်တွေအများကြီးကြာခဲ့တာပဲ။"တခြားတစ်ယောက်ဆိုတာ ဘယ်သူလဲ
မင်းမိဘတွေ ပေးစားတဲ့သူလား"မင်းရဲ့ချစ်သူလားလို့ ယူဂျင်းမမေးမိပါ။
သူ့မှာချစ်သူမရှိဘူးလို့ ဘာလို့များယုံကြည်ချင်နေရတာလဲ ၊ သူ့မှာချစ်သူမရှိပါဘူး
ဟုတ်တယ်မလား..... သူက ယူဂျင်းတစ်ယောက်ထဲကိုပဲ သုံးနှစ်လုံးချစ်ခဲ့တာလေ
သူ့မိဘတွေတောင်ပြောမရတဲ့ ဝန်ယောင်းက ယူဂျင်းကြောင့်နဲ့ အလုပ်တောင်ဝင်ခဲ့တာလေ
သူတွဲခဲ့တဲ့ကောင်မလေးတွေကို အကုန်ဖြတ်ခဲ့တာ လဲ ယူဂျင်းမျက်မြင်ပဲလေတကယ်တမ်း စဥ်းစားကြည့်ရင်တော့ ဝန်ယောင်းကို ယူဂျင်းဘာမှမသိပါလား
ကိုကိုတစ်ယောက်ထဲကိုပဲကြည့်တတ်ပြီး ဝန်ယောင်းကိုဘယ်တုန်းကမှ သေချာမကြည့်ခဲ့လို့များလား
ဒါမှမဟုတ် သူဟာ ကိုယ့်တစ်ယောက်ထဲကိုပဲ စွဲစွဲမြဲမြဲချစ်နေမယ်လို့ ယုံကြည်နေခဲ့လို့လား