အပိုင်း-၅

482 45 0
                                    

ညိုမာန် ပြိုဟန်ဆင် မျက်ဝန်းထဲ
ပိုးကြိုးနုနုတို့ လေငင်ရာ
ကိုယ်ဟာ အငိုတွေ ရင်နဲ့မဆံ့သူ တယောပဲ

ယူဂျင်း ကုမ္ပဏီမှာအလုပ်ဝင်စတုန်းက ဝန်ယောင်း မရှိသေးဘူး။
ကိုကိုကတော့ ဒု-ဌာနမှူးအနေနဲ့ ရောက်နှင့်နေပြီ
ယူဂျင်းကို ကိုကိုပဲအစအဆုံးသင်ပြပေးသွားတာ ၊ ကူညီပေးသွားတာ........
ခန္ဓာကိုယ်တောင့်တောင့်နဲ့ကိုကိုက မိန်းကလေးတွေကြားမှာ ရေပန်းစားသူရယ်ပါ။
ခြောက်လလောက်နေလို့ ကိုကိုနဲ့ယူဂျင်းချစ်သူတွေဖြစ်မှ ဝန်ယောင်းကိုတွေ့ဖူးတာပါ။

အဲ့ဒီ့တုန်းက CEO ရဲ့မွေးနေ့မို့ ကုမ္ပဏီမှာပါတီအကြီးကြီးလုပ်တယ်လေ။
မွေးနေ့ရှင် CEO ထက် ပိုအာရုံစိုက်ခံရတာကတော့ Mr.Jangတို့ရဲ့ သမီးငယ်လေးပေါ့။
ယူဂျင်းကိုသဘောကျတဲ့ Mr.Jang တို့က ဝန်ယောင်းကို မိတ်ဆက်ပေးပြီး တစ်ခါထဲအပ်သွားတာ......

"ဦးတို့က နောက်လထဲ နိုင်ငံခြားက ရုံးခွဲကိုသွားတော့မှာလေ၊ အဲ့ဒီ့မှာပဲအခြေချဖို့များတယ်
ဒီသမီးနှစ်ယောက်ကတော့ မလိုက်လာချင်သေးဘူးဆိုလို့ အသိတွေကိုပဲ လိုက်အပ်နေရတယ်
ယူဂျင်းလေးလဲ ဝန်ယောင်းကိုညီမလေးလိုသဘောထားပါ ၊ မလိမ္မာရင်လဲ ဆုံးမ.....
ကြည့်ရှုစောင့်ရှောက်လိုက်ပါဦးနော်"

"ဟုတ်ကဲ့ ဦး ၊ စိတ်ချပါ"

အဲ့ဒီ့တုန်းက ကျွတ်ဆတ်ဆတ်မျက်နာပေးနဲ့ကလေးမက သူ့ကိုပြုံးပြတော့ ယူဂျင်းပျော်လိုက်ရတာ......
ညီမလေးအရမ်းလိုချင်ခဲ့တဲ့ ယူဂျင်းအတွက် ဝန်ယောင်းကို မြင်မြင်ချင်းခင်မင်သွားခဲ့ရပေမယ့်နောက်ပိုင်းသူ့ဇာတ်ထုပ်တွေကိုသိတော့ စိတ်အပျက်ကြီးပျက်သွားရပါတယ်။
ယူဂျင်းနဲ့သိတဲ့ လပိုင်းလေးမှာတောင် သူတွဲခဲ့တဲ့ကောင်မလေးတွေက မရေမတွက်နိုင်အောင်ပါပဲ။
ကလပ်တိုင်းကို သူသိသလို၊သူ မရောက်ဖူးတဲ့ဟိုတယ်လဲမရှိ......

ဖြစ်လိုက်တဲ့ ရန်ပွဲဆိုတာလဲ ရဲစခန်းက ဖုန်းနံပါတ်ကိုတောင်ယူဂျင်းအလွတ်ရနေတဲ့အထိ....
ယူဂျင်းရဲ့သူ့အပေါ်အမုန်းတွေဟာ အဲ့​ဒီကနေ စခဲ့တယ်ထင်ပါရဲ့......
သူ ယူဂျင်းကို အလုပ်တွေရှုပ်အောင်လျှောက်လုပ်ပြီးအားရတော့မှ ယူဂျင်းကိုချစ်ပါသတဲ့လေ.......
စတွေ့ကတည်းက ချစ်ခဲ့တာပါတဲ့
ရည်းစားရှိမှန်းသိပေမယ့် ထိန်းချုပ်လို့မရတော့ပါဘူးတဲ့
ယူဂျင်းရဲ့ ဂရုစိုက်မှုကို ခံချင်လို့ပြဿနာတွေပိုရှာနေမိတာပါတဲ့
တကယ်လို့ ယူဂျင်းက တည်ကြည်တဲ့လူမျိုးကိုသဘောကျတယ်ဆိုရင် အဲ့လိုလူဖြစ်အောင် ကြိုးစားပါ့မယ်ဆိုပြီး နေ့ချင်းညချင်းအလုပ်တွေဝင် ၊ ကြိုးစားသင်ယူပြီး ယူဂျင်းနားမှာအမြဲလိုလိုကပ်နေတော့တာပဲ......

My heart leaps up when I beholdWhere stories live. Discover now