အပိုင်း-၁၅

452 35 0
                                    

ရပြီးပြန်မပေးနိုင်သော ချစ်ခြင်းများက တောင်ပုံရာပုံ......
ပေးပြီးပြန်မရလိုက်တဲ့ ချစ်ခြင်းများစွာ လေနှင်နယ်ကုန်......
အဟုန်ပြင်းပြင်း ရင်ကိုဖြတ်ပြီး စီးဆင်းသွားခဲ့။

အေးစိမ့်နေတဲ့အဲကွန်းအောက်မှာ နာရီသံက တချက်ချက်လည်နေတယ်။
မျက်စောင်းထိုးက စားပွဲခုံပေါ်မှာ Daffodil အဖြူရောင်တွေကို အစုလိုက်ထိုးထားတယ်။
မွေ့ရာအိအိပေါ် တစ်ညလုံးငုတ်တုတ်ထိုင်နေရင်း ယူဂျင်းတရေးမှအိပ်မပျော်ပါဘူး။
မသိချင်ယောင်ဆောင် အားတင်းရင်းဟိုတယ်ကိုဘယ်လိုကနေ ဘယ်လိုရောက်လာခဲ့မှန်းမသိခဲ့တဲ့ညမှာ ဝန်ယောင်းကချက်ချင်းအိပ်ပျော်သွားလို့ ကြည်နူးရီဝေမှုလဲမရှိခဲ့ရ......
သူ အိပ်မပျော်သွားခဲ့ရင်တောင် ကြည်နူးစရာညကိုပိုင်ဆိုင်ခဲ့ရမှာမဟုတ်ပါဘူးလေ။

အဖြူရောင်တွေလွှမ်းနေတဲ့ အခန်းထဲက အဖြူရောင်မွေ့ယာထက်မှာ ဝန်ယောင်းကဖြူစင်စွာနဲ့နိုးထလာခဲ့တယ်။
သူ ဘာအပြစ်မှမလုပ်ခဲ့သလိုမျိုး မျက်ခုံးလေးတွေကျုံ့ရင်းနဲ့......
လက်နှစ်ဖက်ကို ဆန့်တန်းရင်းနဲ့.....
ယူဂျင်းကို မြင်တော့ပြုံးပြရာက ပြန်တည်သွားရင်းနဲ့......

"ဘေဘီ ငိုထားတာလား"

တစ်ညလုံးမစဲခဲ့တဲ့ မျက်ရည်တွေဟာ သူ့အသံကြားတာနဲ့ တဖန်ပြန်ရစ်ဝဲလာပါတယ်။

"ဘာလို့လဲ..... နေမကောင်းဘူးလားဟင်
မနေ့ညက.... မနေ့ညက ကိုယ်ဒီတိုင်းအိပ်ပျော်သွားလို့လား"

"နင်...."

ယူဂျင်း အောက်နှုတ်ခမ်းကိုနာနာဖိကိုက်ထားမိတယ်။
သူ တကယ်ကြောက်လန့်စိုးရိမ်နေပုံလေးက သနားစရာ.....

"နင် မနေ့ညက ကင်မင်ဂျူနဲ့...."

သူ အသဲအသန်ပြန်စဥ်းစားနေပုံပဲ။
သူ လုပ်ခဲ့တာကိုမမှတ်မိတာမဟုတ်ဘဲ ယူဂျင်းဘယ်လိုသိသွားလဲဆိုတာကို အဖြေရှာနေတာပါ။
တကယ်တော့ ယူဂျင်းဘယ်လိုသိသွားလဲဆိုတာ အရေးမကြီး။
ဒါကို သူလဲသဘောပေါက်သွားပုံပါ။

"ဘေဘီ..."

"ဘာလို့ လက်ထပ်တဲ့နေ့မှာတင် အဲ့လိုလုပ်ရက်ရတာလဲ
နင် ငါ့ကို လက်စားချေတာလား"

My heart leaps up when I beholdWhere stories live. Discover now