အပိုင်း-၄၃

317 24 0
                                    

မိုးချုပ်မှအိမ်ပြန်ရောက်ပြီး ရောက်သည်နှင့်
ဆိုဖာပေါ် မောပန်းစွာလှဲချမိသည်။
နေ့လည်ကတည်းကဘာမှမစားရသေးသလို ဆာလဲမဆာ။
အရောင်းပြခန်းဆောက်ရန်ဝယ်ယူထားတဲ့မြေက အရှုပ်အရှင်းရှိနေတာကြောင့်တရားရုံးကိုသွားခဲ့ရသည်။
​ရှောင်ခါမှတည့်တည့်တိုးဆိုသလိုအီယောင်းဆောက သူ့ဆီလာညည်းညူသည်။


"ဟွန်းဆောလေး ဆေးရုံဆင်းပြီလေ
ဝန်ယောင်းကိုတမေးထဲမေးနေလို့ ငေါက်ထားရတယ်....
ဝန်ယောင်းကအလုပ်များနေတယ်မလား
အားလပ်ချိန်ရောက်ရင်တောင် အမျိုးသမီးနားနေရမှာပေါ့
ဟွန်းဆောကအဲ့ဒါတွေခက်တာကွာ"



"ကျွန်မ အချိန်ရရင်လာခဲ့ပါဦးမယ်
ငယ် သက်သာတယ်မလား''


"အရင်ကထက်စာရင်တော့ သက်သာသွားပါပြီ
ခွဲစိတ်မှုကလဲ အောင်မြင်တော့လေ"



အလုပ်ကိစ္စအဆင်မပြေရတဲ့ကြားထဲ ငယ်ကပါခေါင်းထဲဝင်လာတော့ပို​အဆင်မပြေတော့ပါ။
မျက်ရိုးကိုခပ်နာနာဖိနှိပ်ပြီးရေချိုးခန်းထဲဝင်လိုက်သည်။
ကိုယ်လက်သန့်စင်ကာအိပ်ခန်းထဲရောက်တော့ဘေဘီ့မျက်နာလှလှလေးကြောင့် ပင်ပန်းတာတွေပြေပျောက်သွားရသည်။
ဘေးနားမှာအသာဝင်လှဲရင်းဘယ်လောက်မှမကြာခင်သူလဲအိပ်ပျော်သွားသည်။



ပုံမှန်အတိုင်းကုမ္ပဏီသို့အလာ တစ်နေရာအရောက်ကားရှေ့ကိုရုတ်တရက်ရောက်လာတဲ့ပုံရိပ်ကြောင့် ဘရိတ်ကိုအမြန်နင်းလိုက်ရသည်။
ဒေါသတကြီးထွက်ကြည့်တော့ ငယ်ကဂျစ်တိဂျစ်ကန်ရပ်နေသည်။

"မင်းဘာလုပ်လိုက်တာလဲ အီဆော....
အခန့်မသင့်ရင် သေသွားလိမ့်မယ်ကွ"



"မမကရော ဘာလို့ထွက်ပြေးနေရတာလဲ"


"ကားပေါ်တက်.... "


လမ်းပေါ်မှာအခြေအတင်ဖြစ်နေမှာစိုးလို့ ငယ့်လက်ကိုဆွဲပြီးကားပေါ်တင်တော့မှ ပိုဆိုးတော့သည်။


"အန်ယူဂျင်းကိုထိခိုက်မှာသိပ်ကြောက်နေတယ်ပေါ့.... သက်တော်စောင့်တွေတောင်ထားတယ်ဆိုတော့လေ"


"အိမ်ရှေ့ထိရောက်လာတာလား"


passenger ခုံမှာလက်ပိုက်ရင်းမထီမဲ့မြင်ပြုံးနေတဲ့ငယ်ဟာ ဟက်ခနဲရီသည်။


My heart leaps up when I beholdWhere stories live. Discover now