ဥသြငှက်တွေလို ဝင်ထွက်သွားလာပါဦး
တစ်နှစ်တာလုံး
နယ်ခြားတံခါးတစ်ချပ်လိုစောင့်မျှော်"ညီမ သူ့ကို လက်ထပ်ရင်နာကျင်ရလိမ့်မယ် ယူဂျင်း..... သူက ညီမကို စိတ်ချမ်းသာစေမယ့်သူ မဟုတ်ဘူး"
ကိုကို့ခြေထောက်တွေက အရှင်းကြီးပြန်မကောင်းသေးပေမယ့် လူကတော့ထူထူထောင်ထောင်ဖြစ်နေပါပြီ။
တစ်လလုံးလုံး ယူဂျင်းစိတ်ရောကိုယ်ပါပင်ပန်းနွမ်းလျပေမယ့် ကိုကိုနေပြန်ကောင်းလာလို့ ပျော်ပါတယ်။"သူနဲ့တွေ့ဖြစ်သေးလား"
"ဟင့်အင်း ကိုကို.....ကုမ္ပဏီကိုတောင် သူ မလာတော့ဘူး"
ယူဂျင်းကို စဥ်းစားဦးဆိုပြီး တစ်လကျော်တဲ့အထိ သူ မဆက်သွယ်လာတော့ဘူး။
ဒွိဟဖြစ်လွန်းမက ဖြစ်တော့ ယူဂျင်းဘာမှမတွေးချင်တော့ပါ။
မတွေးတာကြာတော့လဲ ဘာကိုမှမတွေးတတ်တော့ပါ။"ကိုကိုမဟုတ်တဲ့နောက်တစ်ယောက်ကို ရွေးချယ်လို့ရတယ် ယူဂျင်း
ဒါပေမယ့် ဝန်ယောင်းတော့မဖြစ်ဘူး
ညီမလဲ သိသားပဲမဟုတ်လား"ခုနောက်ပိုင်း ဆေးရုံဝင်းထဲ ကိုကို့ဝှီးချဲတွန်းပေးရင်း လေညှင်းခံဖြစ်ကြတယ်။
ဆေးရုံပန်းခြံလေးက သပ်သပ်ရပ်ရပ်လဲရှိပြီး ပန်းပင်တွေဝေဆာနေတာမို့ ယူဂျင်းသဘောကျပါတယ်။
ကုမ္ပဏီတစ်ဖက် ကိုကို့နားနေပေးရတာတစ်ဖက်နဲ့ကသီပေမယ့် ယူဂျင်းမငြိုငြင်မိ.....
ယူဂျင်းဟာ ကိုကို့ကိုချစ်ပါတယ်လေ....."ကိုကို သိတယ် ယူဂျင်း
ညီမ ကိုကို့ကိုချစ်ပါတယ်
နှလုံးသားနဲ့တော့မဟုတ်ဘူး""ဘေဘီ"
ယူဂျင်း အနောက်ကိုဖြတ်ခနဲလှည့်ကြည့်လိုက်တယ်။
သူ့ထုံးစံအတိုင်း ဝန်ယောင်းကပြုံးနေတာပါပဲ။
သူ့ဘေးမှာတော့ ကောင်မလေးတစ်ယောက်က သူ့လက်မောင်းကိုချိတ်လို့....."ဌာနမှူး သက်သာသွားပြီလား"
"ဟုတ်ကဲ့ တော်တော်လေးတော့ကောင်းသွားပြီဗျ"
"ဘေဘီ ဒါ နာအိုရေးတဲ့"
"တွေ့ရတာဝမ်းသာပါတယ်ရှင့်"