ဆေးရုံကုတင်ပေါ် မှာ မလှုပ်မယှက်ရှိနေတဲ့ ဘေဘီ့နှုတ်ခမ်းပါးတွေဟာခြောက်သွေ့လို့နေသည်။
နှလုံးခုန်သံတိုးတိုးလေးက ဘေဘီအသက်ရှိနေသေးကြောင်းပြသည့် တစ်ခုထဲသောသက်သေ။
လက်ဖောင်းဖောင်းတွေကိုမလွတ်တမ်းဆုပ်ကိုင်ထားမိသည်။
ငိုရလွန်းလို့မျက်ရည်တွေလဲကုန်ခမ်းသွားသည်ထင်ပါရဲ့။"မမ"
ငယ်က တံခါးဝမှာကျုံ့ကျုံ့လေးရပ်နေရှာတော့ သူအားတင်းပြုံးပြလိုက်သည်။
"ဝင်လာလေ ငယ်"
အပြစ်လုပ်ထားသူတစ်ယောက်လိုငယ်က သူ့ဘေးနားခေါင်းလေးငုံ့ပြီးရောက်လာသည်။
"ဟွန်း ခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပြီ"
"ကောင်းတာပေါ့ ငယ်ရ
ဘာမှမတွေးနဲ့.... နေကောင်းအောင်သာနေနော်""ဟွန်း တောင်းပန်ပါတယ်"
"ရပါတယ်..... ဖြစ်ရမယ့်ကံပါလာလို့ပဲပေါ့
ပြီးတော့ ဘေဘီကနေကောင်းလာမှာပါ ဟွန်းရ
သူ မမကိုမထားခဲ့ပါဘူး"ဘေဘီက ကိုမာဝင်သွားကာသတိရလာဖို့ရာခိုင်နှုန်းကနဲသည်ဟုပြောသော်ငြား သူတစ်ယောက်ကတော့ ဘေဘီ့ကိုယုံကြည်ရမည်။
ငယ်က သူ့ကိုရီဝေဝေကြည့်ပြီးဖျော့တော့စွာပြုံးသည်။"မမ သူ့ကိုအရမ်းချစ်တာပဲလားဟင်"
"အင်း.... အရာအားလုံးထက်ပိုပြီးတော့...."
"ထင်ပါတယ်"
ဝန်ယောင်းက လူကဲခတ်အရမ်းမတော်သလို အရမ်းလဲညံ့မနေပါ။
ထို့ကြောင့် ငယ့်ဆီမှာစိတ်သက်သာရာရမှုတစ်ခုခုကိုသူမြင်နေရသည်။
ပွင့်ပွင့်လင်းလင်းပြောရရင်......"ပွင့်ပွင့်လင်းလင်းပြောရရင် မမအန္တရာယ်ကင်းလို့တော်ပါသေးတယ်
အစ်မယူဂျင်းအတွက် စိတ်မကောင်းပေမယ့်"ငယ့်အမှောင်ဘက်ခြမ်းဟာ ရေးတေးတေးလေးပေါ်လာသည်။
ငယ့်ဆီမှာ ဘေဘီ့အတွက်အားနာမှုရယ်လို့စိုးစဥ်းမျှမမြင်မိ။
စိတ်အလိုမကျစွာ မျက်နာလွှဲလိုက်သည်။