မဆုံခြင်းမှ မြစ်ဖျားခံလာပြီး ခေါင်းအုံးထက်မျက်ရည်အပြည့်ပွင့်နေပုံ.....
စကားလုံးတိုင်း နုနုထွတ်ထွတ်လေး အကြောင်းအရာက ရင့်သီးလှပါတယ်....."ဘေဘီ ကိုယ်တို့ site သွားရအောင်"
ဆိုပြီး ယူဂျင်းကိုခေါ်လာတော့ တစ်နေရာ.....
"လာလေ ဘေဘီရဲ့ "
သူ အဲ့လိုလူကြားထဲလဲမရှောင် တစ်ဘေဘီထဲဘေဘီနေတာကိစ္စမရှိပေမယ့် ယူဂျင်းက ညစ်ပတ်တာကိုမကြိုက်......
"ညစ်ပတ်စရာလို့မတွေးပါနဲ့
သဘာဝတရားရဲ့အလှတစ်ခုလို့တွေးလိုက်စမ်းပါ"သူကတော့ထုံးစံအတိုင်း စကားလုံးတွေကမိုးပေါ်က မဆင်း.....
ယူဂျင်းအောင့်သက်သက်နဲ့ရွှံ့ကိုစကိုင်လိုက်တယ်။"ဘေဘီက အခုမှစလုပ်ဖူးတာဆိုတော့ ကိုယ်သင်ပေးမယ်နော်"
နောက်ကနေ အုပ်မိုးပြီး ယူဂျင်းလက်ကိုကိုင်တော့ ယူဂျင်းက သူ့ရင်ခွင်ထဲအော်တိုရောက်သွားရတယ်။
ယူဂျင်းအနေကျုံ့ပေမယ့် ဝန်ယောင်းကတော့ ဘာမှမဖြစ်သလိုပါပဲ။
သူ့ဆီကတွေ့နေကျ ယူဂျင်းကိုပိုင်ဆိုင်လိုသည့်အရိပ်တွေလဲ ရှိမနေ......"ဒီလိုဖွဖွလေးကိုင်ထား..... သူသွားသလို အလိုက်သင့်လေးမျောပေး....."
အေးစက်နေတဲ့ ရွှံ့တွေကြားမှာ သူ့လက်ကပူနွေးနေတယ်။
ယူဂျင်းပုခုံးပေါ်က လက်မောင်းရှည်တွေကိုကြည့်မိတော့ လုံခြုံတဲ့ခံစားချက်ကိုရတယ်။
ရှန်ပူနံ့လေးက နှာဝမှာရစ်သီရစ်သီ.......
တစ်ခဏမျှ တိမ်းမူးမိသွားတဲ့စိတ်ကို အတင်းပြန်ထိန်းချုပ်ပြီး သူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်တယ်။
မျက်နာချင်းဆိုင်က သူ့မျက်နာပေါ်မှာ ဘာအရိပ်အယောင်မှမရှိပါ။"တို့ဘာသာလုပ်မယ်"
"လုပ်လဲမလုပ်တတ်ဘဲနဲ့"
သူ တိုးတိုးလေးပြောပြီး ဟိုဘက်ခုံမှာသွားထိုင်နေတယ်။
ပြီးတော့ သူ့ကိုယ်ပိုင်အိုးကိုစလုပ်တယ်။
ယူဂျင်း ဒီနေ့မှသူ့ကိုဘာလို့ကြည့်မိနေလဲ မသိပါဘူး ၊ နှစ်ယောက်ထဲပဲရှိလို့ဖြစ်မှာပါ။
သူ့လက်ချောင်းတွေက လှလိုက်တာ....
သွေးကြောစိမ်းစိမ်းကလဲ ထင်းလို့.....
ဘေးကနေကြည့်ရင်တောင် သူဘာလို့အရမ်းလှနေတာလဲ.....
အဲ့လောက်လှတဲ့ သူကဘာလို့ယူဂျင်းကို မရမကစွဲလမ်းနေတာလဲ......