အပိုင်း-၂၉

347 27 0
                                    

ယူဂျင်းဖျားနေတာတစ်ပတ်လောက်ရှိပြီ။
ဆိုတော့ ဝန်ယောင်းလဲ အိမ်ကပ်နေတာတစ်ပတ်လောက်ရှိပြီပေါ့လေ။
မိုးအကုန်ဆောင်းအကူးမလို့ ရာသီတုပ်ကွေးမိတာလို့ဆရာဝန်ကပြောတာပဲ။
တစ်ကိုယ်လုံးနုံးခွေနေပြီး ဘာမှလဲစားမဝင်ဘူး။


"ယူဂျင်းက အားနည်းတဲ့အခံရှိနေတော့ပိုဆိုးနေတာ.... အဲ့ဒါနင့်ကြောင့်ပဲ ဝန်ယောင်း!
ကုလို့ရတာမလို့တော်သေးတယ် ၊ ကုလို့လဲမရ ဘယ်သူမှမသိလိုက်ခင် ယူဂျင်းတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"


အစ်မဒါအာခြိမ်းခြောက်တော့ ပျာယာခတ်နေတဲ့ ဝန်ယောင်းခမျာမျက်ရည်လေး ကလယ်ကလယ်နဲ့.....

"ဆန်ပြုတ်မကြိုက်ဘူး"


"နဲနဲတော့စားလိုက်ပါ ဘေဘီရယ်
ဆေးသောက်ရမယ်လေ"


"ဆေးလဲမသောက်ချင်ဘူးဆို"


"ဒါဆိုလဲကြက်ပေါင်းရည်သောက်"


"ဘာလို့သောက်ရမှာလဲ.... အဲ့ဒါသက်ကြီးရွယ်အိုတွေသောက်တာလေ.... မင်း ဘာသဘောနဲ့တိုက်တာလဲ"


"ဘေဘီ အားရှိအောင်လို့လေ"

"တို့က ကြက်ပေါင်းရည်သောက်မှအားရှိမယ့်အရွယ်လို့ပြောချင်တာပေါ့.... တို့ကိုအဘွားကြီးလို့ပြောချင်တာပေါ့"


"မဟုတ်ဘူးလေ..... "

ယူဂျင်းကိုခနလောက်ကြောင်ကြည့်နေပြီး သူသက်ပြင်းချလိုက်တယ်။

"ဘာလို့ သက်ပြင်းချတာလဲ.... စိတ်ကုန်တာလား ၊ ငြီးငွေ့နေပြီပေါ့ "

စိတ်တိုသွားမယ်လို့ထင်လိုက်ပေမယ့် သူက ချစ်စနိုးပြုံးလိုက်ပြီး ဆန်ပြုတ်ပန်းကန်ကိုဘေးဖယ်လို့ ယူဂျင်းကိုပွေ့ဖက်လာတယ်။
နေမကောင်းတာကြောင့် အလိုလိုအားငယ်နေတဲ့ယူဂျင်းလဲ သူ့ရင်ခွင်ထဲအလိုက်သင့်တိုးဝင်မိတယ်။

"ကိုယ် စိတ်ချမ်းသာအောင်တစ်ခုခုတော့ စားပေးပါ အချစ်ရယ်"

"ဘာမှ မစားချင်ဘူးလို့.... စားလဲအရသာမှမရှိတာ...."


နေမကောင်းတဲ့ခံစားချက်က တော်တော်ဆိုးပါတယ်။
စားချင်သောက်ချင်စိတ်လဲမရှိ ၊ အလုပ်လဲမလုပ်နိုင် ၊ ကောင်းကောင်းလဲအိပ်မပျော်.....
အနားမှာဘယ်သူမှမရှိရင် သေချင်စိတ်ပါပေါက်တဲ့အထိ.....
အဆိုးထဲကအကောင်းကတော့ ယူဂျင်းနေမကောင်းဖြစ်တဲ့တစ်လျှောက်လုံး ဝန်ယောင်းက တစ်ဖဝါးမခွာပြုစုစောင့်ရှောက်ပေးတာပါပဲ။
သူပြုစုတာက စပါယ်ရှယ်နာစ့်မပြောနဲ့ ၊ ရိုးရိုးနာစ့်လောက်တောင် မလုပ်တတ်ဘူးပေါ့။
ဒါပေမယ့် သူ့မျက်နာမြင်နေရတာကိုက ရောဂါတစ်ဝက်လောက်သက်သာသွားသလိုပါ။


My heart leaps up when I beholdWhere stories live. Discover now