To my little bunny Wonyoung

276 19 5
                                    

ချစ်ရပါသော ညီမလေးရေ




ပထမဆုံးအနေနဲ့ မမရဲ့ညီမလေးအဖြစ်မွေးဖွားလာပေးလို့ ကျေးဇူးတင်ပါတယ်။
မမတို့တွေဒီထက်အချိန်ကြာကြာအတူရှိကြရဦးမယ်လို့အထင်မှားခဲ့မိတဲ့အတွက်လဲ နောင်တရမိပါတယ်။ ဒီလိုတွေဖြစ်လာမယ်မှန်းကြိုသိခဲ့ရင် အရာအားလုံးထက် ယောင်းလေးကိုဦးစားပေးခဲ့မှာပေါ့။
ပြီးတော့ ယောင်းလေးကလဲ မမအပေါ် ဒီလောက်မရက်စက်ဘူးထင်ခဲ့မိရဲ့လေ။
ထားပါတော့.....
အခု မမလက်ပေါ်မှာယောင်းလေးရှိနေပြီ။
တကယ်တော့လဲ ယောင်းလေးရဲ့အရိုးပြာကိုယောင်းလေးအမှတ်နဲ့ထွေးပိုက်ထားမိတာပါ။
ပြီးတော့ ယူဂျင်းရဲ့မိဘတွေလဲ မမဘေးမှာရှိနေကြတယ်။
ယူဂျင်းရဲ့အရိုးပြာတွေကို ယောင်းလေးနဲ့တူတူမျောပေးဖို့လေ။
အစကတော့ မေမေတို့ဘေးမှာပဲယောင်းလေးကိုထားဖို့စိတ်ကူးသေးတယ်။
ဒါပေမယ့် အလွမ်းပြေကြည့်ချင်ရုံသက်သက်တော့ ဆွဲမထားရက်ပါဘူး။
မမရဲ့နှလုံးသားထဲမှာ ယောင်းလေးကအမြဲရှိနေမှာပဲလေ။


ညီမလေးမွေးခါစတုန်းကတော့ မမမျက်လုံးထဲမှာ ဆူညံတဲ့ပေါက်စလေးသက်သက်ပါပဲ။
တစ်ဦးတည်းသောသားဖေဖေနဲ့ အကြီးဆုံးသမီးမေမေကမွေးတဲ့ သမီးဦးမမဟာ နှစ်ဖက်အဖိုးအဖွားရဲ့သဲသဲလှုပ်ရဆုံးမြေးဦးဖြစ်ခဲ့တာ ယောင်းလေးအသိပဲနော်။
ဒါ့အပြင် မမမွေးပြီးမှအလုပ်အကိုင်ပိုအဆင်ပြေလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သိပ်ကိုအလိုလိုက်ခံရလွန်းတဲ့ မမကဘယ်သူ့ကိုမှဗိုလ်မထားခဲ့ဘူးပေါ့လေ။
အသက်သုံးနှစ်ပဲကွာတဲ့ မမနဲ့ယောင်းလေးက အရွယ်ရောက်လာတော့ မတိမ်းမယိမ်းတွေဖြစ်လာကြပေမယ့် အဲ့ဒီ့တုန်းကတော့ယောင်းလေးဟာ အိမ်ကကြောင်လေးလောက်ပဲရှိခဲ့တာပါ။
မွေးကင်းစနီတာရဲလေးကို အသဲယားတိုင်းဟိုဆိတ်ဒီဆိတ်လုပ်ခဲ့လို့မေမေကဆူတိုင်း မမဟာယောင်းလေးအပေါ် မနာလိုဖြစ်ခဲ့မိတယ်။
မေမေတို့ကိုလဲမခေါ်တော့ဘဲ ဖိုးဖိုးဖွားဖွားတို့ဆီမှာပဲနေမိတော့တယ်။
အဲ့ဒါတောင် မေမေတို့ကလျစ်လျူရှုဆဲမလို့ ယောင်းလေးအပေါ် မကြည်ဖြူတဲ့စိတ်က ပိုကြီးထွားလာခဲ့ပါတယ်။
ယောင်းလေး လေးဖက်ထောက်တတ်တဲ့အရွယ်အထိမမဟာ ကိုယ့်ညီမလေးရယ်လို့ သတ်သတ်မှတ်မှတ်မရှိခဲ့မိဘူး။
ယုယုယယလဲ မရှိခဲ့မိဘူး။
တစ်နေ့မှာပေါ့လေ...... ယောင်းလေးစကားစပြောခဲ့တယ်။
ယောင်းလေးပထမဆုံးပြောခဲ့တဲ့စကားလုံးဟာ မေမေ ဒါမှမဟုတ် ဖေဖေဖြစ်မယ်ထင်မိပေမယ့် မဟုတ်ခဲ့ဘူး။
အဲ့ဒီ့နေ့က ကြမ်းပြင်ပေါ်မှာဝမ်းလျားမှောက်ပြီး မမပုံဆွဲနေခဲ့တယ်။
ယောင်းလေးက မြင်းရုပ်လေးတွေနဲ့ဆော့နေခဲ့တာပေါ့။
နှစ်သစ်ကူးပွဲတော်ရှိတာမလို့ မီးဖိုချောင်ထဲမှာလူကြီးတွေကအလုပ်ရှုပ်နေခဲ့တယ်။
ဒေါ်လေးရဲ့မေမေ့ကို ခနခနခေါ်နေတဲ့အသံကြားလို့ပဲလားမသိပါဘူး။
ယောင်းလေးနှုတ်က အသံအက်အက်ကလေးထွက်လာခဲ့တယ်လေ။
"မမ" တဲ့။
အံ့သြစွာလှမ်းကြည့်လိုက်တဲ့ မမကိုပြုံးရယ်ပြီး အဆက်မပြတ်ခေါ်နေခဲ့တာက "မမ" တစ်လုံးထဲရယ်။
မမရင်ထဲ တလှပ်လှပ်လှိုက်ပြီး ပျော်ရွှင်နေခဲ့တာကို အခုထိခံစားလို့ရနေပါသေးတယ်။
ချိုမြတဲ့အပြုံးနဲ့မမကမ်းတဲ့လက်အစုံကြားထဲ ညီမလေးတိုးဝင်ခဲ့တယ်နော်။
အဲ့ဒီ့အချိန်ကစပြီး မမရဲ့ဘဝ၊စိတ်ဝိညာဥ်နဲ့နှလုံးသားထဲကိုပါ ယောင်းလေးကဝင်ရောက်ခဲ့တာပါ။


My heart leaps up when I beholdWhere stories live. Discover now