အပိုင်း-၃၄

383 23 0
                                    

အလုပ်မှာအမြဲရှိတတ်တဲ့ဘေဘီ့ကြောင့် ကုမ္ပဏီကိုမလာချင်ပေမယ့် တစ်ပတ်ကိုသုံးခါလောက်တော့ရောက်ဖြစ်တယ်။
သူ့ကိုအချိန်မပေးနိုင်လဲ ဘေဘီ့မျက်နာလေးမြင်ရတာနဲ့တင် တစ်နေကုန်ငုတ်တုတ်ထိုင်နိုင်ပါတယ်။
ပြီးတော့ ဘေဘီ့နားတစ်ကောင်ကောင်လာဝဲရင် ချက်ချင်းသိနိုင်တယ်လေ။
ဒါပေမယ့် ဂျယ်ဟာဆိုတဲ့တစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှမတွေ့ရသေးပါဘူး။


"ရောက်နေပြန်ပြီလား ဝန်ယောင်း"


ဆိုဖာပေါ် ပျင်းတိပျင်းရွဲ့လှဲပြီး ဂိမ်းဆော့ရင်းတစ်ချက်မော့ကြည့်လိုက်တော့ ရေး.....
လက်ထဲမှာလဲ ဘာမှန်းမသိတဲ့စာရွက်ကြီးနဲ့.....
အကြည့်တွေက မသိရင် သူကပဲအလုပ်လက်မဲ့ကျနေတာပဲ။


"ရေး ..... ထိုင်လေ "


ဘေဘီက ရေးနဲ့မျက်နာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်။
တမင်ပဲသူနေရာကမရွေ့တော့ ဘေဘီက ရေးကိုခေါင်းခါပြီးပြုံးပြတယ်။


"စျေးသစ်ဆောက်မယ့် ကုမ္ပဏီကိုတရားစွဲမယ့်ကိစ္စလေ..... ခရိုင်ဥပဒေအရာရှိဆီက စာရောက်လာပြီ အစ်မ
မြေယာပိုင်ဆိုင်ကြောင်းအထောက်အထားခိုင်လုံတာမို့ အမှုဖွင့်လို့ရတယ်တဲ့"

အတွင်းရေးမှူးက ကော်ဖီနှစ်ခွက်လာပို့တော့ သူထရပ်ပြီး ပြန်ဖို့ပြင်တယ်။


"ဝန်ယောင်း.... ရေးနဲ့နေ့လည်စာသွားစားမလို့ လိုက်ခဲ့လေ"


ထင်သားပဲ။
ရေးရောက်လာကတည်းက နေ့လည်စာကိုအလုပ်တစ်ဖက်နဲ့စားတော့မယ်ဆိုတာ.....


"ပြန်တော့မယ် "

ဘေဘီနဲ့ရေးကို ကျောခိုင်းပြီးထွက်လာခဲ့ပေမယ့် ကလေးဆန်လိုက်တာဆိုတဲ့အကြည့်တွေကို အလိုလိုခံစားမိနေသည်။
သူက တကယ်ပဲကလေးဆန်တာလား။
ချစ်ရသူက တစ်ခုခုကိုကိုယ့်ထက်ဦးစားပေးရင်း အလိုမကျတော့တာ သူ့အမှားလားမသိတော့ပါ။
အလုပ်အပေါ်စိတ်နှစ်တတ်တာ ယူဂျင်းရဲ့ဝါသနာမှန်းသိပေမယ့် သူ့ကိုပထမထားတာပဲလိုချင်မိတယ်။


အိမ်လဲမပြန်ချင်သေးတာကြောင့် မရောက်တာကြာပြီဖြစ်​တဲ့ကော်ဖီဆိုင်ဆီထွက်လာခဲ့သည်။
တံခါးကိုဖွင့်လိုက်တာနဲ့ ကောင်တာနောက်ကမန်နေဂျာကိုအရင်မြင်လိုက်ရပေမယ့် ရင်းနှီးနေတဲ့ခံစားချက်ကြောင့် ဆိုင်ထဲဝေ့ကြည့်မိတော့....


My heart leaps up when I beholdWhere stories live. Discover now