ဘေဘီ့လည်တိုင်ပေါ် သူကိုယ်တိုင်ထိုးထားတဲ့မာဖလာလေးပတ်ပေးကာ ငယ့်အတွက်ရည်ရွယ်ထားတဲ့တစ်ခုကိုတော့ အမှိုက်ပုံးထဲလွှင့်ပစ်လိုက်သည်။
ချစ်ရသူဆိုတော့လဲ ကိုယ့်အနားချွဲပြီးယုယလေတော့ ဘေဘီနဲ့အတူလိုက်နေဖို့ဆုံးဖြတ်မိသည်။
သို့သော် ငယ့်သတင်းကိုအမြဲနားစွင့်နေသူမို့ ငယ်တစ်ယောက်ဆေးရုံမှာ အသက်လုနေရသည်ဆိုတော့လဲ သူ့မှာပြာယာခတ်လို့......"ဘေဘီ ကိုယ်အပြင်ခနသွားဦးမယ်နော်
ကိစ္စလေးရှိလို့""မိုးချုပ်နေပြီ "
စာရင်းတွေလုပ်နေရင်းက အကဲခတ်သလိုကြည့်လာတဲ့ မျက်ဝန်းတွေ.......
လိပ်ပြာမလုံစွာမျက်နှာလွှဲမိချိန် ကယ်တင်ရှင်ရေးကရောက်လာခဲ့သည်။
သူနဲ့မတူစွာ ရေးကမျက်နာတစ်ချက်ပင်မပျက်။"ဝန်ယောင်းကို ခနခေါ်သွားဦးမယ်နော် အစ်မ
နောက်မကျစေရပါဘူး""အိုကေလေ...."
ဘေဘီကစိတ်ချလက်ချလွှတ်လိုက်မှ အိန္ဒြေဆည်ပြီး ကားပေါ်အမြန်တက်ရတယ်။
ဆေးရုံသွားရာလမ်းတလျှောက် စိတ်အစဥ်က ဂနာမငြိမ်......"ကောင်မလေးက ကုသမှုတွေကိုငြင်းဆန်နေတယ်တဲ့
ဆေးရုံမတက်ချင်လို့ ဘာမှမဖြစ်ဘူးပဲပြောနေတယ်ကြားတယ်
ဆရာဝန်ကြီးတွေကတော့ ရိုးတွင်းချဥ်ဆီအစားထိုးစေချင်နေကြတယ်"ရေးက သူစုံစမ်းရသမျှစီကာပတ်ကုံးပြောပြလာသည်။
"ငါ နားချကြည့်ရင်ရော...."
"အဟား..... "
ဟာသတစ်ခုကြားလိုက်ရသလို ရေးကဟက်ဟက်ပက်ပက်ရယ်မောပြီးမှ တစ်ခုခုကိုသတိရသွားသလို ပြန်တည်သွားသည်။
"ကြိုးစားကြည့်ပေါ့
နင်က လိုချင်တာမှန်သမျှ ရတဲ့ကံဇာတာရှိသားပဲကို..... ဒါပေမယ့် သေရမယ့်လူကိုတော့ မသေအောင် နင်မတားနိုင်ပါဘူး"ရင်ဘတ်ထဲအောင့်တက်သွားကာ အော်ဟစ်ရန်တွေ့လိုက်ချင်ပေမယ့် အသံကမထွက်လာ။
သူ့အကြောင်းအကုန်သိတဲ့ ရေးကိုခွန်းတုံ့မပြန်ရဲပါ။
ဆေးရုံရှေ့ရောက်တော့ တုန်ရီနေတဲ့ခြေလှမ်းတွေနဲ့ ငယ့်အခန်းရှိရာမေးမြန်းလို့ အရောက်သွားခဲ့ရာ မြောက်မြားစွာသောဆေးပိုက်တွေကြားမျက်ဝန်းအစုံကိုမှိတ်ကာ အိပ်စက်နေသောငယ့်ကိုတွေ့လိုက်ရသည်။
ငယ့်အဒေါ် က မျက်ရည်တစမ်းစမ်းနဲ့ သူ့ကိုဧည့်ခံရှာသည်။