မှာခဲ့မည် မောင်

269 17 0
                                    

အချစ်ဆုံးငယ်လေ
ကျွန်မရယ် သေကာသွားမှဖြင့်
လွမ်းစရာ့တေးတွေကို
မောင်မဆိုနေနှင့်... နော်။

ဪ... နှင်းဆီပင်ဖြစ်စေ
အရိပ်ဝေဝေသက်ပေးတဲ့
ဆိုင်းပရက်စ်ပင်ပဲဖြစ်ဖြစ်
ဘယ်သစ်ပင်တွေကိုမှ
ကျွန်မရဲ့ မြေပုံဦးမှာ
အထူးမစိုက်နှင့် ရှင်ရယ်.... နော်။

ဪ.....မိုးဖွဲလေးတွေ
နှင်းဥလေးတွေနှင့်ပဲ
ကျွန်မမြေပုံထက်က
မြက်ခင်းလေး စိမ်းမြမြ
သဘာဝအတိုင်းစိုနေပါစေ....နော်။

ဪ.... ပြီးတော့လည်းရှင်
သတိရချင်လဲ သတိရနေပါနော်
မေ့ချင်တော့လဲ
မေ့သာပစ်လိုက်တော့မောင်.... နော်။

                                            Christina Rossetti

My heart leaps up when I beholdWhere stories live. Discover now