အပိုင်း-၂၀

372 31 0
                                    

ဂန်ဟယ်ဝန်က အရမ်းလှတယ်။
တော်ဝင်မင်းသမီးတစ်ပါးလို ကျက်သရေရှိရှိလှလွန်းတယ်။
ညှို့ချက်ပြင်းတဲ့မျက်လုံးတွေ ၊ ဖူးကြွတဲ့ နှုတ်ခမ်းနဲ့ ပြေပြစ်တဲ့ခန္ဓာကိုယ်က ဘုရားပေးတဲ့ကောင်းချီးတစ်ခုလို......
မျက်စလေးများပစ်ပြလိုက်ရင် ပုရိသတွေ
တဖြုတ်ဖြုတ်ကြွေကျကုန်တယ်ဆိုတာ အပိုပြောတာမဟုတ်လောက်.....

သူက တရုတ်မှာအခြေချတဲ့ မော်ဒယ်တစ်ယောက်ပါ။
ကြေးအမြင့်ဆုံးမော်ဒယ်ဖြစ်သလို အလုပ်အပ်ဖို့အခက်ဆုံးမော်ဒယ်လဲဖြစ်တယ်။
ဂန်ဟယ်ဝန်က ကိုရီးယားကိုလာလေ့သိပ်မရှိဘူးတဲ့ ၊ ယူဂျင်းတို့ကုမ္ပဏီက သူ့ကိုအခုတစ်ခေါက်မှကမ်းလှမ်းပေမယ့် ချက်ချင်းလက်ခံတာမလို့ ဒီကိစ္စအပေါ်လူထုက စိတ်ဝင်စားနေကြတယ်။


"ဒီ design ရဲ့ conceptက festival တွေအတွက် ရည်ရွယ်တာပါ
ဥပမာ ရောင်စုံပွဲတော်လိုမျိုးပေါ့
လူငယ်လဲဆန်ရမယ် ၊ လွတ်လပ်ပြီးတက်ကြွတဲ့ ခံစားချက်ကိုလဲ ရစေရမယ်
Mrs ဟယ်ဝန်က ဒီ product ကို အကောင်းဆုံးပုံဖော်ပေးနိုင်မယ်လို့ ကျွန်မတို့ထင်ပါတယ်
လိုအပ်တာရှိရင် ကျွန်မကိုပြောပါ"

စီးကရက်တစ်လိပ်ကိုနှုတ်ခမ်းဝတေ့ပြီး ပျင်းတိပျင်းရွဲ့ထိုင်နေတဲ့ ဂန်ဟယ်ဝန်နားထဲ ယူဂျင်းစကားတွေရောက်တောင်ရောက်ရဲ့လားမသိ။
ဝတ်ထားပုံကလဲ လက်တစ်လုံးစွပ်ကျယ်နဲ့ဂျင်းပြဲ။

"ဝန်ယောင်းလက်ထပ်တာကို တို့အခုမှသိရတယ်"

"အလုပ်ကိစ္စပဲပြောရအောင်ပါ"

စစ်မြေပြင်ရောက်နေသလိုမျိုး ယူဂျင်းမောင်းတင်ထားတယ်။
သူ့ဘက်က ဘယ်လောက်ပဲရဲတင်းပါစေ ယူဂျင်းက တစ်ပန်းသာပြီးသားမဟုတ်လား။
ပထဝီဝင်အနေအထားအရကြည့်ရင် ယူဂျင်းက
ကုန်းမြင့်ပေါ်က ဂန်ဟယ်ဝန်ကိုခုတ်ချနိုင်မယ့်သူ၊ ဂန်ဟယ်ဝန်က မြေနိမ့်ကနေ ခုခံရမယ့်သူ...

"သူနဲ့တို့ရဲ့ ဆက်ဆံရေးကို မသိချင်ဘူးလား"

"ဒါက အလုပ်မှာပါ Mrs
ပြီးတော့ ရှင်ထိုင်နေတာ ကျွန်မရဲ့ရုံးခန်းထဲမှာပါ"

"ကင်မင်ဂျူကို သိတယ်မလား"

ဂန်ဟယ်ဝန်က မျက်ခုံးပင့်ပြတယ်။

My heart leaps up when I beholdWhere stories live. Discover now