"Marigold ပန်းတွေက အချစ်နဲ့စွဲလမ်းမှုကိုကိုယ်စားပြုတယ်လေ.... တစ်ချို့နိုင်ငံတွေမှာကျတော့ သစ္စာရှိမှုကိုပါကိုယ်စားပြုတယ်လို့ယူဆကြတယ်"
"ဟုတ်လား.... ဒီအပင်လေးကြီးလာရင် ပန်းအကြီးကြီးတွေပွင့်မှာလား"
"သေချာဂရုစိုက်ပေးရင်ပွင့်မှာပေါ့ မင်းရဲ့....
တို့မအားလဲ မင်းကဂရုစိုက်ပေးမယ်မလား""ကိုယ်မှ မလုပ်တတ်တာ"
မြေကြီးတွေက ဝန်ယောင်းရဲ့တီရှပ်ဖြူဖြူပေါ်မှာသာမကဘဲ မျက်နာဖွေးဖွေးပေါ်မှာပါ ပေပွနေတယ်။
မွန်းတည့်ခါနီးမလို့ နေရှိန်ကပြင်းစပြုလာပြီ။
ယူဂျင်းတို့နှစ်ယောက် ပျိုးအိတ်ထဲကပန်းပင်တွေကိုအိမ်ဘေးက ပန်းအိုးတွေဆီရွှေ့စိုက်နေကြတာပါ။
ချယ်ရီ ၊ သစ်ခွနဲ့ ခတ္တာတွေအပါအဝင် ဝန်ယောင်းနဲ့သေချာပေါက်တူတူစိုက်မယ်လို့ဆုံးဖြတ်ထားတဲ့ Marigold တွေကိုပါစိုက်လိုက်ရတာကြောင့် အတော်လေးကျေနပ်မိတယ်။
ဒီပန်းပင်လေးတွေကြီးလာတာနဲ့အမျှ ယူဂျင်းနဲ့ဝန်ယောင်းတို့ရဲ့မေတ္တာတရားက ကြီးထွားလာလိမ့်မယ်လို့ မျှော်လင့်ရင်းပေါ့။"ဘာမှမခက်ဘူး အသဲရယ်
မနက်တစ်ခါ ညနေတစ်ခါရေပုံမှန်လောင်းပေး
တစ်ပတ်တစ်ခါလောက် မြေသြဇာကျွေးပေးပေါ့ ""အင်းပါ..... ဘယ်တော့လောက်ကြီးလာမှာလဲ"
"အဲ့ဒါတော့ မပြောတတ်ဘူး"
သူ့နဖူးပေါ်ကချွေးစတွေကို လက်ဖနောင့်နဲ့ဖိသုတ်ပေးတော့မှ သူမောနေမှန်းသတိရသွားရှာတယ်။
"ဘေဘီ့..."
"ရှင့်"
"စတော်ဘယ်ရီပန်ကိတ်လုပ်ကျွေးရမှာနော်"
"လုပ်ကျွေးမှာပေါ့.... လာ အိမ်ထဲဝင်ရအောင်"
ယူဂျင်း ပိတ်ရက်တွေမှာသူ့အကြိုက်မုန့်တွေတစ်ခုပြီးတစ်ခုလုပ်ကျွေးရင် သူတတ်သလောက်လုပ်ကူရှာတယ်။
ဘာမှမလုပ်တတ်ရင်လဲ ယူဂျင်းအမောပြေအောင်ဆိုပြီး အနမ်းပေးတတ်သေးတာ။
အနမ်းတွေရှည်သွားလို့ပိုမောသွားတတ်တာကိုတော့ ယူဂျင်းဗွေမယူမိပါဘူးလေ။