အပိုင်း-၁၂

467 41 1
                                    

တစ်စုံတစ်ရာသော သစ္စာတရားအကြောင်းကို လက်ဆောင်စာအုပ်ကြားက တစ်သျှူးစလေးတွေက ပြန်ပြောပြလိမ့်.....

အရာအားလုံးကမြန်မြန်ဆန်ဆန်ပဲ ဖြစ်ပျက်သွားခဲ့တယ်။
ဝန်ယောင်းမိသားစုက မငြင်းသလို ယူဂျင်းမိသားစုဘက်ကလဲ သဘောတူခဲ့တယ်။
ဖေဖေကတော့ ယူဂျင်းကိုစိတ်အပြောင်းအလဲလွယ်တယ်ဆိုတာကလွဲရင် တခြားဘာမှမပြောခဲ့......
နှစ်ဖက်မိဘတွေ့ဆုံပွဲမှာ ဝန်ယောင်းကတအားပျော်နေတာ ၊ ရှိသမျှသွားအကုန်ဖြီးထားလို့ မြင်ရခဲတဲ့ သွားစွယ်လေးတွေကိုတောင် တွေ့လိုက်ရသေးတယ်။

"ကျွန်တော်တို့ကတော့ ယူဂျင်းကို လက်တွဲဖော်ရစေချင်​နေတာကြာပါပြီ
သူ့အိမ်ထောင်ဖက်ကိုလဲ ဝင်မစွက်ဖက်ချင်ပါဘူး ၊ အခုလိုမျိုး အဘက်ဘက်က ပြောစရာမရှိတဲ့ ဝန်ယောင်းလေးကိုချွေးမတော်ရမယ်ဆိုတော့ ဝမ်းသာပါရဲ့ဗျာ"

"ကျွန်တော်တို့ဘက်ကလဲ ယူဂျင်းကို မိသားစုဝင်အဖြစ် ဝမ်းပန်တသာကြိုဆိုပါတယ်ဗျာ
ယူဂျင်းက ထက်မြက်ပြီး သဘောထားပြည့်လို့ ဝန်ယောင်းက မတန်မရာရတယ်လို့တောင်ပြောရမှာပါ"

"မဟုတ်တာဗျာ"

လူကြီးတွေ ရွှေလမ်းငွေလမ်းဖောက်နေလိုက်တာမှ ဖြောင့်လို့ဖြူးလို့......
လက်ထပ်မယ့်ရက်ကိုလဲ ခပ်မြန်မြန်ပဲ သတ်မှတ်လိုက်ကြတယ်။
တစ်ရက်တော့ ကိုကို့ဆီကိုရောက်ဖြစ်ကြတယ်။

"နောက်နှစ်ရက်လောက်နေရင် အစ်ကိုဆေးရုံဆင်းလို့ရပြီ ယူဂျင်းရဲ့"

ကိုကိုက တည်ငြိမ်လွန်းသူပီသစွာအခေါ်အဝေါ်တွေကိုပင် ပြောင်းလဲလိုက်ပြီ။
ဒါပေမယ့် ကိုကို့နာကျင်မှုကို မျက်ဝန်းတွေကတဆင့် ရင်ထဲထိပါဖောက်ထွင်းမြင်နေရပါတယ်။
ယူဂျင်း ကိုကို့ကိုမျက်နာချင်းမဆိုင်ရဲပါ။

"ကျွန်မတို့ သန်ဘက်ခါလက်ထပ်တော့မယ် ဌာနမှူး"

ဝန်ယောင်းကတော့ နေရခက်တာလဲမရှိ ၊ မျက်နာပူတာလဲ မရှိ ......
သူ ဘာအမှားမှမလုပ်ခဲ့သလို ယုံကြည်ချက်အပြည့်နဲ့ဖိတ်စာကမ်းပေးလေတယ်။

"မြန်လိုက်တာနော် "

ကိုကိုက တိုးဖွဖွသာရေရွတ်ပါတယ်။

My heart leaps up when I beholdWhere stories live. Discover now