"မနက်မှပြောရအောင်"
"ဟင့်အင်း ၊ ငါ tablet ကျန်ခဲ့လို့ပြန်လာယူတာ
ယူပြီးတာနဲ့သွားမှာ""ဘယ်ကိုလဲ"
သူ့အကြည့်တွေက စူးဝါးလို့နေတယ်
ဂျစ်တိုက်နေမှန်းသိသာလိုက်တာ...."နင့်မယားငယ်ဆီကိုလား"
"သူ့ကိုအဲ့လိုမခေါ်နဲ့! !"
"ခေါ်တော့ဘာဖြစ်လဲ! !"
"ယူဂျင်း ၊ ခင်ဗျား အာဏာရလာတော့ နဲနဲမှအချိုးမပြေတော့ဘူး"
သူနဲ့ယူဂျင်းကြားမှာ လေးငါးလှမ်းစာပဲဝေးပေမယ့် ကမ္ဘာတစ်ခုခြားနေသလိုခံစားရတယ်။
"ဒါနင့်အတွက်လုပ်ပေးနေတာလေ
နင့်မိဘတွေရဲ့ သွေးချွေးနဲ့တည်ထောင်ခဲ့တဲ့ ကုမ္ပဏီမပျက်ဆီးသွားအောင် ငါ ကယ်ပေးနေတာလေ.....""အဟား .....မသိရင်ခက်မယ်
ခင်ဗျားက ငွေမက်တဲ့မိန်းမ ၊ ပွဲလန့်တုန်းဖျာခင်းတဲ့မိန်းမ.....
ဘာလုပ်ငန်းကိုမှ ကယ်စရာမလိုဘူး
ငါ လိုချင်တာပိုက်ဆံမဟုတ်ဘူး
ချစ်ခြင်းမေတ္တာကိုလိုချင်ခဲ့တာ.....
အထူးသဖြင့် ခင်ဗျားကိုလိုအပ်ခဲ့တာ
ဒါပေမယ့် ခင်ဗျားမရှိခဲ့ဘူးလေ....
ငါပြိုလဲနေတာတောင် ငါ့ဘာသာဖြစ်အောင်နေရတယ်
ခင်ဗျားကိုရော မမကိုရော သိပ်မုန်းတယ်"ဒေါသတကြီးနဲ့အော်ဟစ်ပြောဆိုလာတဲ့ စကားတွေကြား ယူဂျင်းဘာမှပြန်မထိုးပနိုင်လောက်အောင် အားအင်တွေယုတ်လျော့သွားရပါတယ်။
သူ့မျက်ရည်တွေမြင်နေရတာလဲ ငရဲတစ်မျိုးပါပဲ။"ကုမ္ပဏီကိုလိုချင်လို့ပြောတာမဟုတ်ပါဘူး
ငါ ဘယ်လိုလူမှန်း ခင်ဗျားသိပါတယ်
ခင်ဗျားအကုန်ယူပါ ၊ ငါ မရှိလဲဖြစ်တဲ့ဘဝမှာ ပြည့်ပြည့်စုံစုံနေလိုက်ပါ""ဟင့်အင်း.... "
တံခါးဝရောက်နေတဲ့ သူ့ခါးကိုပြေးဖက်လို့ ကျောပြင်ဆီမျက်နာအပ်မိတယ်။
"မသွားပါနဲ့.... တို့ မှားပါတယ်
မင်း ဖြစ်ချင်တာလုပ်ပေးပါ့မယ်
တို့ တောင်းပန်ပါတယ်.... တကယ်တောင်းပန်ပါတယ်"