နေ့လည် ၁၁နာရီရှိပြီဖြစ်တာကြောင့် တိုက်ခန်းအားလုံးလိုလိုတိတ်ဆိတ်လျှက်ရှိသည်။
ဘဲလ်နှိပ်နေတာ ဆယ်ခါမကတော့သော်ငြား တံခါးကပွင့်မလာခဲ့ပါ။
ခေါင်းကိုခပ်နာနာကုတ်ရင်း ဟိုချောင်းဒီချောင်းလုပ်နေတဲ့သူ့ကို ဖြတ်သွားဖြတ်လာအဒေါ် ကြီးတစ်ယောက်ကတွေ့သွားသည်။"ဒီအိမ်ကလူတွေ မရှိသေးဘူး ကောင်မလေးရဲ့"
"ဟုတ်လား.... ဘယ်သွားတာလဲဟင်"
"ဟွန်းဆောလေးက ဆေးရုံတက်နေတာလေ
နှစ်ရက်လောက်တော့ ရှိပြီ
သူ့အဒေါ် လဲ လိုတာရှိမှအိမ်ပြန်လာတာ"ငယ် ဆေးရုံတက်ရတယ်ကြားတော့ စိုးရိမ်စိတ်တွေအုံကြွလာသည်။
"အရမ်းနေမကောင်းဖြစ်နေတာလားရှင်
ကျွန်မက အဲ့ကလေးနဲ့မိတ်ဆွေပါ
အခု သူ ဘယ်ဆေးရုံမှာလဲသိလား"ဆေးရုံလိပ်စာသိတာနဲ့ကားကို အလျှင်အမြန်မောင်းထွက်လာခဲ့သည်။
ကောင်တာမှာအခန်းနံပါတ်မေးပြီး ဓာတ်လှေကားနဲ့တက်လာတော့မှ လက်ထဲဘာမှမပါတာသတိရမိသည်။
ငယ်ရှိနေတဲ့အခန်းရှေ့ရောက်တော့တံခါးခေါက်လိုက်သည့်အခါ 'ဝင်ခဲ့ပါ' ဆိုတဲ့ အမျိုးသမီးတစ်ဦး၏ အသံကိုကြားရသည်။
ပွင့်သွားတဲ့တံခါးရဲ့နောက်မှာ မြင်လိုက်ရတဲ့ငယ့်မျက်နာလှလှလေးကြောင့် လည်ချောင်းမှာစို့တက်နေတဲ့ အပူကိုမြိုချလိုက်နိုင်သည်။"မမ.... ဘယ်လိုရောက်လာတာလဲ"
"ဟို... ကားနဲ့..."
"မဟုတ်ဘူး ၊ ဘယ်လိုသိပြီးရောက်လာတာလဲလို့မေးတာ.... လာလေ "
ငယ်နဲ့မျက်နာချင်းဆိုင်မှာ ထိုင်လိုက်ရင်း နေရခက်စွာမျက်စိကစားကြည့်သည်။
VIP အခန်းမလို့ ရေချိုးခန်းအိမ်သာ ၊ တီဗွီ ၊ ဗီဒိုနဲ့ ဧည့်သည်ထိုင်ဖို့ဆိုဖာတစ် set အပြည့်အစုံပါသည်။
ငယ့်အဒေါ် ဟုထင်ရသည့် အမျိုးသမီးကငယ့်ကိုဆံပင်ဖြီးပေးနေရင်းပြုံးပြကာ သူ့နားရောက်လာသည်။"ဂျန်းဝန်ယောင်း ထင်ပါရဲ့နော်"
"ရှင်... ဟုတ် "
"ဟွန်းဆောက ပြောပြပါတယ်
သူ့မှာအပေါင်းအသင်း သိပ်မရှိဘူးလေ
အစ်မကလဲအလုပ်တစ်ဖက်နဲ့ဆိုတော့ သူ့ကိုအချိန်မပေးနိုင်ဘူး"