အပိုင်း-၃၃ 🔞

882 26 0
                                    

"အဲ့ဒီ့အစ်မက တအားမနာလိုဖြစ်နေတာလေ
လူကိုစိုက်ကြည့်နေတာများ စူးဝါးလို့
ဟွန်းကပဲ မမကိုလုယူမှာကျနေရော
အသက်ငယ်ပြီးအားနည်းတယ်ဆိုပေမယ့် ဟွန်းမှာလဲမာနနဲ့သိက္ခာနဲ့ပါ"

"ဟား ဟား"

သူ သဘောကျစွာရယ်မောတော့ သပြေသီးရောင်နှုတ်ခမ်းလေးက ပိုစူထော်လာသည်။
ဒုတိယအကြိမ် ငယ်နဲ့တွေ့တာက ချွန်ဆန်းပွဲတော်တစ်ခုမှာ ၊ ညနက်တဲ့အထိ အလုပ်တွေမပြီးနိုင်တဲ့ ဘေဘီ့ကိုစိတ်ကောက်လို့ တစ်ယောက်ထဲထွက်လာခဲ့ပေမယ့် ငယ့်ကိုတွေ့တော့မှုန်မှိုင်းနေတဲ့စိတ်အစဉ်က ကြည်လင်သွားခဲ့ရတယ်။

"သူက စိတ်ထားကောင်းပါတယ် ငယ်ရဲ့....
မမက သူယုံကြည်အောင်မနေထားတော့ တစ်ခုခုဆိုသံသယဝင်နေတာ"

"မမက သိပ်ပွေတာပဲလား "

"အဲ့လိုလဲမဟုတ်ပါဘူး"

စကားကိုသာရင်းရင်းနှီးနှီးပြောနေကြပေမယ့် သူ့အကြောင်းကိုယ့်အကြောင်းမသိကြသေးတာမလို့ အနည်းငယ်တော့နေရခက်နေကြသည်။
မီးပုံးလေးတွေဝယ်ကာ မြစ်ထဲမျှောမယ့်အချိန် လက်နှစ်ဖက်ကိုယှက်သွယ်ပြီး ဘာတွေဆုတောင်းနေလဲမသိတဲ့ ငယ်.....

"ဆုမတောင်းဘူးလား"

"တောင်းစရာဆုမှမရှိတာ"

"ဟာ.... မမကလဲ"

"ငယ်က ဘာဆုတွေတောင်းတာတုန်း"

"ပြောပြရင် ဆုတောင်းမပြည့်ဘူးတဲ့"

"ဪ... အဲ့လိုကိုး"

ငယ်က ဒီလိုတစ်ယောက်ထဲလျှောက်သွားနေတာပဲလား။
ငယ့်မျက်နာလေးက ဘာအပူအပင်မှမရှိသော်လဲ သူကအကြီးမို့လားမသိ ၊ စိုးရိမ်မိပါသည်။

"အိမ်ကိုတစ်ယောက်ထဲ ပြန်မှာလား"

"မမက ဘာလို့ဟွန်းကို ငယ်လို့ခေါ်တာလဲဟင်"

သူမေးတာကို မကြားတာပဲလား ၊ မသိချင်ယောင်ဆောင်တာပဲလားတော့ မသိ။
စက္ကူအိတ်ထဲက ငါးမုန့်ကြော်ကိုတစ်ခုပြီးတစ်ခုယူစားနေရင်း မျက်လုံးတွေကတလက်လက်တောက်ပလို့။
အဲ့ဒီ့မျက်လုံးတွေ.....
အရမ်းကိုအသက်ဝင်ပြီး အကြည့်ချင်းဆုံမိရင် အဆုံးမရှိတဲ့ချောက်နက်ထဲထိုးကျသွားသလို မရုန်းထွက်နိုင်တော့တဲ့ မျက်လုံးတွေ.....
ဘေဘီ့မျက်ဝန်းတွေနဲ့သိပ်တူတဲ့ မျက်လုံးတွေ။

My heart leaps up when I beholdWhere stories live. Discover now