အရာရာတိုင်းကို ငွေကြေး၊ရိက္ခာ၊အာဏာ၊လက်နက်၊ပဥ္စလက်နဲ့ ချဥ်းကပ်လို့မရဘူးဆိုတာလဲ အမှန်တရား......
"Target ကိုနားလည်ပေမယ့် အခက်အခဲတွေကိုကြည့်ပေးဖို့လဲလိုပါတယ်
ကျွန်တော်တို့ဝန်ထမ်းတွေမှာ လစာနဲ့မလိုက်အောင် တာဝန်ယူနေရတာတွေလဲ ရှိတယ်
နိုင်ငံတကာစံနှုန်းနဲ့ညီအောင်ထုတ်ကုန်တွေ ပြုလုပ်တဲ့အခါ သတိထားရမှာတွေအရမ်းများလွန်းတယ်
အာရုံစူးစိုက်ဖို့လဲ လုပ်တယ်
သာမန်ထုတ်ကုန်လိုမဟုတ်ဘဲ အရည်အသွေးပြည့်အောင် လုပ်ရတဲ့အတွက် အရည်အတွက်မှာကျတော့ limit ပြည့်ဖို့အတော်လေးကြိုးစားရမယ်
အခု ဒါရိုက်တာဝန်ယောင်းပြောပုံအရဆိုရင် ရေဘူးပေါက်တာမလိုချင်ဘူး ၊ ရေပါတာပဲလိုချင်တယ်ဆိုသလိုဖြစ်နေပြီ""ဒါကတော့ ဌာနမှူးဂျူနိုက သက်သက်သူရဲကောင်းလုပ်ချင်နေတာပဲ
ကျွန်မတို့ ကုမ္ပဏီက Top ten စာရင်းဝင်ကုမ္ပဏီဖြစ်တဲ့အလျောက် အထိုက်အသင့်တော့ကြိုးစားရမှာပဲ
တန်ရာတန်ကြေးလဲပေးထားတာပဲ
policy ဆိုတာ အထက်လူကြီးတွေက သူတို့ရဲ့ပညာသဘာနဲ့စဥ်းစားချင့်ချိန်ပြီး ချမှတ်ပေးထားတာ....... သူတို့ရဲ့အတွေ့အကြုံအရ ဒီကိစ္စကိုဖြစ်နိုင်မယ်ထင်လို့ လုပ်ခိုင်းတာ
ရှင်ရဲ့ဦးနှောက်ငယ်ငယ်လေးနဲ့ ရေးကြီးခွင်ကျယ်တွေပြောမနေနဲ့"ယူဂျင်းကတော့ ကိုကိုပြောတာကို မှန်တယ်လို့ထင်တယ်။
အခုမှ မဟုတ်ဘူး ၊ အရင်အစည်းအဝေးတွေတုန်းကလဲ ကိုကိုနဲ့ဝန်ယောင်းငြင်းကြတိုင်း ကိုကို့ဘက်မှာပဲ ယူဂျင်းအမြဲရှိတယ်။
အဲ့ဒါကိုသိလို့လဲ ဝန်ယောင်းက ကိုကို့ကို အသားလွတ်လိုက်မဲနေတာ....."ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို စီမံခန့်ခွဲသူလို့သဘောမထားဘူး ၊ ခေါင်းဆောင်လို့သဘောထားတယ်
လက်အောက်ငယ်သားကို မနိုင်ဝန်မထမ်းစေချင်ဘူး........
ခိုင်းမယ်ဆိုရင်တော့ ခိုင်းလို့ရတာပေါ့ဗျာ
ဒါပေမယ့် ငါက အပေါ်ကလူပဲဆိုတာထက် လူသားချင်းစာနာထောက်ထားပြီး ကိုယ်ချင်းစာပေးစေချင်တယ်
ဟုတ်ပါတယ် ၊ ဒီကုမ္ပဏီရဲ့အရိပ်အောက်မှာရှိတဲ့သူဟာ ဘယ်မှာမဆိုမျက်နာပွင့်ပြီး အခွင့်အလမ်းလဲများတယ်ဆိုတာ......
ဒါပေမယ့် မတန်မရာပေးဆပ်ရတာကတော့ ရက်စက်ရာကျလွန်းပါတယ်"