"တို့ ဘယ်လိုနေလဲ"
အနီရောင်dress နဲ့ဘေဘီက ကိုယ်တစ်ပတ်လှည့်ပြလို့မေးတယ်။
ဆံပင်ကိုရှေ့တစ်ခြမ်းပို့ထားပြီး နီဆွေးဆွေး
အောက်နှုတ်ခမ်းကို ကိုက်ပြတဲ့ဘေဘီကသက်သက်မြူဆွယ်တာ......"အရမ်းလှတယ်"
သူရှေ့တိုးပြီးနမ်းမယ်လုပ်တော့ ရင်ဘတ်ကိုဖွဖွလေးတွန်းတယ်။
"အချိန်နီးနေပြီလေ
နောက်မှ""အင်း"
ဘေဘီနဲ့ပုံစံတူ အနက်ရောင်dress ဝတ်ထားတဲ့ သူ့ကိုယ်သူမှန်ထဲပြန်ကြည့်မိတယ်။
အဆင်သင့်ဖြစ်တော့ ဘေဘီ့လက်ကိုတွဲလို့ပါတီရှိရာဆီလျှောက်လှမ်းလာတဲ့လမ်းတစ်လျှောက်
ကြားရသမျှ ချီးကျူးစကားတွေကိုအပြုံးနဲ့တုံ့ပြန်ခဲ့တယ်။"Bonjour"
ရှန်ဟိုင်းမြို့ ၊ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုရဲ့ rooftop မှာ ကျင်းပတဲ့ဒင်နာပါတီဟာ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်စီစဥ်တာလို့ပဲသိထားပြီး တရုတ်စကားမပြောကြဘဲ ပြင်သစ်စကားတွေပြောနေကြမယ်လို့မထင်ထားခဲ့ရိုးအမှန်ပါ။
"Mr.Tangyan က ပြင်သစ်မှာ ၁၅နှစ်လောက်နေခဲ့တာလေ
ဒီမှာလုပ်ငန်းတွေအများကြီးအခြေချထားပေမယ့် ပြင်သစ်နိုင်ငံသားပဲခံယူထားတာတဲ့
အခွန်ကြောင့်နေမှာပေါ့"သူ့လက်မောင်းကိုတွဲပြီး မသိတာတွေရှင်းပြနေတဲ့ဘေဘီက လာမိတ်ဆက်တဲ့သူရယ် ၊ နှုတ်ဆက်တဲ့အသိမိတ်ဆွေတွေရယ် ဝိုင်းဝိုင်းလည်လို့......
သူအလုပ်ထွက်တဲ့အချိန်ခဏလေးအတွင်းမှာ ဘေဘီကဒီလောက်တောင် အောင်မြင်သွားတာလား။"သူက ကျွန်မလက်ထပ်ထားတဲ့အမျိုးသမီးလေ"
"အို.... သိပ်လှတာပဲနော် ၊ ဂုဏ်ယူပါတယ်"
"ကျေးဇူးပါ"
ပြင်သစ်စကားကိုသိပ်မကျွမ်းတဲ့သူ့မှာ မနည်းအာရုံစိုက်နေရသည်။
စားပွဲဝိုင်းတစ်နေရာမှာအတူထိုင်ရင်း ရှန်ဟိုင်းမြို့ရဲ့ညအလှကိုခံစားကြည့်တော့ နေရောင်အောက်မှာမဟုတ်ရင်နက်မှောင်နေတဲ့ ငယ့်မျက်ဆံတွေလောက်မလှဟု တွေးလိုက်မိသည်။
ရုတ်တရက်ငယ်ကစိတ်ထဲရောက်လာတာကြောင့် ဝိုင်ခွက်ကိုတစ်ကျိုက်ထဲမော့ချမိသည်။