"မေးလ်လေဆိပ်နဲ့နီးတဲ့ Hulhumale ကမ်းခြေကိုရွေးထားတယ် ဘေဘီ
လူများပေမယ့် သန့်ရှင်းပါတယ်"လေယာဥ်ပေါ်ရောက်တော့ VIP class မှာထိုင်ရတယ်။
ယူဂျင်းက ဘယ်မှာဖြစ်ဖြစ်အဆင်ပြေပါတယ်။
သူကသာ သူဌေးသမီးဆိုတော့ ကဂျီကကြောင်များတာမလား။"ဘာမုန့်စားချင်လဲ"
"ဟင့်အင်း ...... သံပုရာရည်တစ်ခွက်ပဲပေးပါ"
"ဟုတ်ကဲ့..... ဒီဘက်က မမလေးကရော ဘာသုံးဆောင်မလဲရှင့်"
လေယာဥ်မယ်လေးရဲ့သူ့အပေါ်မှာပဲစိုက်ကျနေတဲ့ မျက်လုံးတွေကိုမကြိုက်လိုက်တာ။
"ကိုယ်လဲ သံပုရာရည်ပဲသောက်မယ်"
ယူဂျင်းရဲ့ပုခုံးကိုရစ်သိုင်းလာတဲ့ သူ့လက်မောင်းတွေ ၊ အရောင်ပြောင်းသွားတဲ့ လေယာဥ်မယ်ရဲ့မျက်နာ.....
တစ်လောကလုံးကို ယူဂျင်းအနိုင်ရလိုက်သလိုပါပဲလေ။"ဟုတ်ကဲ့.... ခနစောင့်ပေးပါနော်"
လေယာဥ်မယ်ထွက်သွားတော့ ယူဂျင်း သူ့ကို လှိုက်လှိုက်လှဲလှဲပြုံးပြမိတယ်။
သူ့မျက်လုံးတွေ ဝိုင်းစက်သွားတယ်။
ဘယ်နေရာကိုမှလဲ အကြည့်မရွေ့ပဲ အကြာကြီးငြိမ်နေလို့ ယူဂျင်း သူ့ရှေ့လက်ယမ်းပြလိုက်တယ်။
ဒါလဲ သူ မလှုပ်လာ....."ဝန်ယောင်း"
"ဟင်... အင်း"
နောက်ဆုံး သူ့ပုခုံးကိုကိုင်လိုက်မှ မျက်ဆံတွေက အသက်ဝင်လာတယ်။
"ဘာဖြစ်သွားတာလဲ....နေမကောင်းဘူးလား"
"မဟုတ်ပါဘူး.... အရမ်းလှလို့.... ဟိုလေ.... ဘေဘီအရမ်းလှတယ်.... ကိုယ့်ကို တစ်ခါမှအဲ့လိုမပြုံးပြဖူးဘူးလေ"
သေချာပြန်စဥ်းစားကြည့်တော့မှ စတွေ့တုန်းကလွဲရင် သူ့ကို ယူဂျင်းကောင်းကောင်းမဆက်ဆံခဲ့မိတာ ပြန်သတိရမိတယ်။
ပြုံးပြဖို့ မပြောနဲ့ ၊ စကားတောင် နွေးနွေးထွေးထွေးမပြောပေးဖူးဘူး။
ယူဂျင်း စိတ်မကောင်းလိုက်တာ....."ဘေဘီ့ ပါးချိုင့်လေးကိုချစ်လိုက်တာ"
ယူဂျင်းထပ်ပြုံးပြတော့ သူ့နှုတ်ခမ်းတွေက ယူဂျင်းပါးပြင်ပေါ်ကမ်းဆိုက်တယ်။
အို..... နောက်ပြန်ဆုတ်တဲ့ သူ့မျက်လုံးထဲမှာ မိုးတိမ်တွေဖွဲ့လို့.....
သူ အဲ့လောက်တောင်ပျော်သွားတာလား