Part 37
‘‘အဓိပ္ပါယ်မရှိတာတွေ လာပြောမနေနဲ့၊ နင်ဘဲ လောင်စန်းကို သူ့ရဲ့အသက်မွေးဝမ်းကြောင်းကို ပြောင်းဖို့ မရပ်မနားအနှောင့်ယှက်ပေးနေခဲ့တာ မဟုတ်ဘူးလား။သူ့ရဲ့ခေါင်းဆောင်ကို တိုင်တန်းပြီးသွားပြောဖို့ နင်ဘဲဖိအားပေးခဲ့တာမလား ’’
အဖွားကြီးက တညလုံးဒါကိုစဉ်းစားနေခဲ့တာဖြစ်သည်။နောက်ဆုံးတွင်တော့ သူ့သားကို စစ်တပ်ကပြန်လွှတ်လိုက်မှာမဟုတ်ဘူးလို့ ခံစားမိပေသည်။ဒါပေမယ့် သူကိုယ်တိုင်ကလည်း သူ့ကိုယ်ပိုင်ခွင့်နှင့် ပြန်လာတဲ့ပုံမပေါ်ပေ။
သူမ၏အမြင်တွင် လောင်စန်းက ငယ်ငယ်ကတည်းက အနည်းငယ်ထူအသောကလေးဖြစ်ပေမယ့် သူကသားသမီးတို့ရဲ့ တာဝန်ကျေကာ သူမနှင့် တိုင်ပင်ခြင်းမရှိဘဲနှင့် သူတို့၏ငွေဝင်တဲ့လမ်းကြောင်းကို ဖြတ်တောက်ပစ်မှာမဟုတ်ပေ။
ဒီလိုဆိုမှတော့ ဒီလုပ်ဆောင်ချက်က တတိယမိသားစုက အခြားတစ်ယောက်၏ လုပ်ဆောင်ချက်လို့သာ ပြောနိုင်ပေသည်။
လင်းလန်က ခေါင်းခါလိုက်သည်
‘‘အဲ့ဒါကျွန်မမဟုတ်ဘူး၊ ဒါပေမယ့် တစ်စုံတစ်ယောက်က အသက်ကြီးလာပြီဆိုရင်တော့ သူတို့ရဲ့အသက်မွေးလမ်းကြောင်းကို ပြောင်းလဲရမှာဘဲလေ ’’ဒါပေမယ့် သူမကတခုခုကိုတွေးမိသွားသလိုမျိုး ကြက်သေသေသွားလေသည်။
တကယ်လို့အဖွားကြီးသာ သူမကိုသတိမပေးလာဘူးဆိုရင် သူမလည်းဒီအကြောင်းကိုတွေးမိမှာမဟုတ်ပေ။
လင်းလန်ရဲ့ ပုံစံကိုကြည့်လိုက်ရင် သူမကတကယ်ဘဲ ဘာမှမသိနေတဲ့ ပုံစံပေါ်နေကာ အဖွားကြီးလည်း အခုထိနလပိန်းတုံးလို့ ဆက်လုပ်နေတာက ဖြစ်နိုင်ခြေမရှိဘူးလို့တွေးလိုက်မိသည်။
အခုတော့ ဒီအပေါက်ဆိုးတဲ့မိန်းမကတောင် အခြားလူတွေကို အရူးလုပ်တတ်နေပြီပေါ့။
အတိတ်မှာတုန်းကဆိုရင် ဝုန်းဒိုင်းကြဲထပေါက်ကွဲတာမျိုးကလွဲပြီးတော့ ဒီမိန်းမက လိမ်ထားမျိုးကိုမလုပ်တတ်သည့်အပြင် အခြားသူတွေကို ဘယ်လိုသိုဝှက်ထားရမလဲဆိုတာကိုလည်း မသိပေ။
![](https://img.wattpad.com/cover/346139653-288-k765067.jpg)
YOU ARE READING
၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်
General FictionTitle - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ မူလကိုယ်သည် သူမခင်ပွန်း၏ ကောင်းမွန်သည့်အနာဂတ်ကို ဖျက်စီးလိ...